Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦ များတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်

တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦ များတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်

တောင်ငူ ဇွန် ၁၇

တောင်ငူမြို့၊ ခပေါင်းခန်းမ၌  ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ် ကြောင့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၄၄)ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ(၂၄၃)ဦး၊ လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၉၇)လုံးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ(၂၅)ခု ရှိခဲ့ကြောင်း၊ တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂၂)ခုရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ(၄၄)ဦးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းနှင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ(၃)သိန်း စုစုပေါင်း(၂၃)သိန်းနှုန်း ဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်(၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ လုံးဝပျက်စီး နေအိမ်(၉၇)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်(၃၅)သိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးပြီးဖြစ် ကြောင်း၊ ယခုအခါ တောင်ငူခရိုင်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံးလျှင် ကျပ်(၁၀)သိန်းနှုန်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွက် (၁)လုံးလျှင် ကျပ်(၅၀)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၉၀)သိန်း ထောက်ပံ့ပေးအပ် သွားမှာဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး သဘာဝဘေးအသိ၊ သဘာဝဘေးသတိဖြင့် နေထိုင်သွားကြရန်နှင့် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ပျက်စီးခဲ့သည့် နေအိမ်နှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ထောက်ပံ့ကူညီပေးမှုပေါ် ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် သက်ဆိုင်သူလက်ဝယ် အရောက် ထောက်ပံ့ငွေ ပေးအပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြေငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် တောင်ငူမြို့နယ်၊ ဇရပ်ကြီးကုန်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရိဇိန် နန်းတော်ဦးစေတီတော်မြတ်ကြီးအား ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူ လက်ရာမပျက် ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် ငလျင်ဘေးဒဏ်ခံနိုင်စေရေး အဓိကထား တည်ဆောက် ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး သတိထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။