ပဲခူး ဖေဖော်ဝါရီ ၂၅
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၅) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှု သည် (၃)ရာခိုင်နှုန်းအောက် ရှိနေသေးသော်လည်း ယခုရောဂါပိုးတွေ့ရှိသူအများ စုသည် မည်သည့်ရောဂါလက္ခဏာများမှပြဘဲ တွေ့ရှိနေရသဖြင့် တစ်ဦး တစ်ယောက်ချင်းစီတိုင်း ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာရမည်ဖြစ် ကြောင်း၊ ရုံးဝန်ထမ်းများအနေဖြင့်လည်း ဌာနအတွင်း ရောဂါပိုးကူးစက်မှုမခံရစေရေး စုဝေးနေထိုင်စားသောက်ခြင်းများ ရှောင်ကြဉ် ရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုတော့မည်ဖြစ်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ အထူးဂရုပြုပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် Community Based Facility Quarantine (CBFQ)များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ စနစ်တကျ စာရင်းပြုစု၍ အသင့်အသုံးပြုနိုင်စေရေးစီစဉ်ရန်နှင့် လိုအပ်ချက်ရှိက ချက်ခြင်း အကြောင်ကြားရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါတွေ့ရှိမှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီး ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက အကြံပြု ချက်များအား ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website