ပြည် မတ် ၂၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာတို့အား စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၄၉၆)ဦး အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/သူ (၃၅၈)ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာတို့အား စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး စာမေးပွဲဖြေဆိုပြီးချိန် ကျောင်းသား/သူများ မိမိတို့အိမ်သို့ အန္တရာယ် ကင်းစွာပြန်လည် ရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်း(အနောက်ခြမ်း)ရှိမြို့နယ်(၁၄)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန(၄၅)ခု ဖွင့်လှစ် ကျောင်းသား/သူ (၉၆၆၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website