ပဲခူး ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်ရမှာဖြစ်ကာ တောင်သူ များကလည်း စိုက်ပျိုးရေးဆိုင်ရာကျင့်စဉ်များအပေါ် လိုက်နာဆောင်ရွက်ရန် အရေးကြီးပြီး စိုက်ပျိုးသီးနှံ များ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေးကို အထူးအလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိုး အဆက်မပြတ်ရွာသွန်းခြင်း၊ မိုးအုံ့ရက်များပြားခြင်းတို့ကြောင့် ပိုးမွှားရောဂါကာကွယ်ရေး ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များနှင့်ပတ်သက်၍ တောင်သူများ ဝင်ငွေတိုးတက်စေရေး စိုက်ပျိုးသီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာ စေတို့ကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပံ့ပိုးပေးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဆီဖူလုံမှုရှိစေရေး ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် စိုက်ပျိုးသွားရမှာဖြစ်ပြီး ဒေသတွင်း များများစိုက်၊ များများမွေးမှ စားရေရိက္ခာဖူလုံပြီး ကုန်ဈေးနှုန်းများ တည်ငြိမ်လာမှာဖြစ်ကြောင်း၊ မိုးရာသီတွင် ဖြစ်ပေါ် တတ်သည့် ကမ်းပြိုမှုများကြောင့် လယ်မြေဧကဆုံးရှုံးမှုများအား အမြန်ဆုံးပြန်လည်ကုစားနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမှုမရှိစေရေး မြစ်ချောင်းများတစ်လျောက် မြေရိုင်းများအား စိုက်ပျိုးမြေ အဖြစ် ပြန်လည်ဖော်ထုတ်၍ ရေမြေသဘာဝနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား စေရေး အားလုံးဝိုင်းဝန်း ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများက ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ပြီးစီးမှု၊ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံ စိုက်ပျိုးသွားမည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူးက စိုက်ပျိုးသီးနှံအလိုက် သုံးသပ်အကြုံပြုတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ဝင် များက မိုးသီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မိုးသီးနှံများ ရေကြီး နစ်မြှုပ်နှင့် ပိုးမွားရောဂါကြောင့် အထွက်နှုန်းထိခိုက်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်ထားရမည့် အချက် များအား အကြံပြုတင်ပြဆွေးနွေးခဲ့မှုပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် မိုးသီးနှံစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးနှံအတွက် ကြိုတင်ပြင်ဆင် ထားရမည့် အချက်များနှင့်ပတ်သက်၍ အသေးစိတ်ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။