ပဲခူး ဧပြီ ၁၅

ပဲခူးမြို၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့အား ဧပြီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြုလုပ် ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တိုသည် ပြည်သူများနှင့်အတူ ရေသဘင်ပွဲ ပါဝင်ဆင်နွှဲခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တိုသည် ဌာနဆိုင်ရာ များ၊ စေတနာရှင် ပြည်သူများ၏ စတုဒီသာမဏ္ဍပ်များ၌ ထမင်း+ဟင်း၊ မြန်မာမုန့်မျိုးစုံ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အအေးမျိုးစုံ တိုက်ကျွေးနေမှုတိုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်္ကြန်ပွဲတော်သို လာရောက်ဆင်နွှနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။
ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတိုသည် ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင် အဆိုတော်များ၏ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမှုနှင့် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲများ၏ ဧည့်ခံဖျော်ဖြေနေမှုတိုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိုနယ်(၂၈)မြိုနယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံကျော် သရုပ်ဆောင်တေးသံရှင်များနှင့် DJ တီးခတ် ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာ ဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲများ၏ သီဆိုကပြမှုများ၊ အေးမြလန်းဆန်းမှု ပေးသည့် လမ်းလျှောက်သင်္ကြန်နှင့်အတူ စေတနာရှင်ပြည်သူများမှ စတုဒီသာကျွေးမွေးလှူဒါန်းမှု တိုဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website