Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့

ပဲခူး မေ ၉

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ စေရေးအတွက်  ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

     ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဌေး နှင့် တာဝန်ကျ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ၊ မော်တော်ယာဉ်များ ဖမ်းဆီးထိန်းသိမ်း သိုလှောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

    ဆက်လက်၍  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ဆပ်သွားခြုံ တာဆုံ(ဗျူဟာလမ်းဆုံ)အနီးရှိ x-Ray စစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး မူးယစ်တပ်ဖွဲ့စုများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ မူးယစ်တပ်ဖွဲ့စုအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေး သွင်းကုန်ဂိတ်အမှတ်(၁)နှင့်(၂)၊ ပို့ကုန်ဂိတ်အမှတ်(၃)တို့ရှိ ကုန်တင်မော်တော်ယာဉ်နှင့် လူစီးမော်တော်ယာဉ် များ စစ်ဆေးနေမှုနှင့် ခရီးသွားများ၏ အချက်အလက်များ တိုက်ဆိုင်စစ်ဆေးနေမှုတို့အား ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။