Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းရှိ  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်စေရေး တွေ့ဆုံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းရှိ  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်စေရေး တွေ့ဆုံပွဲပြုလုပ်

တောင်ငူ မေ ၁၀

       တောင်ငူမြို၊ ခပေါင်းခန်းမ၌ မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အတွင်းရှိ  တောင်ငူခရိုင်အတွင်းရှိ  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်စေရေး ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင်အတွင်းရှိ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံဖြိုး တိုးတက်စေရေး အဓိကပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်ရမှာဖြစ်ပြီး သဘာဝမြေဩဇာကိုလည်းသုံးစွဲရေး အားပေးသွားရမှာဖြစ်ကြောင်း၊ ကျေးရွာအလိုက် ရာသီသီးနှံပင်များအား တစ်အုပ်တစ်မမှ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သွားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ ဒေသတွင်း အသား၊ ငါး၊ ဥ ဖူလုံပိုလျှံ စေရေးဆောင်ရွက်ပေးရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းဖြင့် တိရစ္ဆာန်အစာထုတ်လုပ်၍ ဥစားဘဲ၊ နိုစားနွားများ တိုးချဲ့မွေးမြူသွားရန်နှင့် MSME ကဏ္ဍနှင့်ပတ်သက်၍ ဒေသထွက်ပစ္စည်းများဖြင့် မိသားစုတစ်ပိုင်တစ်နိုင်အဆင့်မှ အလတ်စား စီးပွာရေးအဆင့်သို တိုးတက်လာစေရေး နည်းပညာနှင့် ချေးငွေရရှိရန် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ကျေးလက်နှင့် မြိုပြဟန်ချက်ညီညီ  ဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်းများ ရာသီမရွေးသွားလာ နိုင်ရေး အဆင့်မြှင့်တင်ရန်၊ ကျေးလက်သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးကိုလည်း တစ်ပါတည်းဆောင်ရွက် ပေးသွားရန်ဖြစ်ကြောင်း၊ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ကျောင်းတက်ရာခိုင်နှုန်းအတိုင်း မူလတန်းမှစပြီး အထက်တန်း ပညာပြီးဆုံး သည်အထိ တန်းစဉ်ကူးပြောင်းမှုရှိစေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ လူတိုင်းမျှော်မှန်းသက်တမ်းအပြည့် ကျန်းမာစွာနေထိုင်နိုင်ရေး၊ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများ ကျေးလက်ဒေသအထိ လွှမ်းခြုံနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ယင်လုံအိမ်သာ သုံးစွဲမှုအား ကျေးလက်ဒေသများတွင် တိုးတက်စေရေး အသိပညာပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့်တောင်ငူခရိုင်အား Clean City, Green City ဖြစ်စေရေး ဌာနဆိုင်ရာများအနေဖြင့် ပြည်သူလူထုနှင့်အတူ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ခရိုင်အတွင်းရှိ မြှင့်တင်ရန်လိုအပ်သည့် ကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

            ထိုနောက် တောင်ငူခရိုင်စီမံခန့်ခွဲနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဦးက တောင်ငူခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ဒေသဖွံဖြိုးရေးဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။

             ယင်းနောက် တက်ရောက်လာသည့်ခရိုင်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

             ယင်းနောက် တက်ရောက်လာသည့်ခရိုင်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။