Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေ့စဉ်ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လက်လီအဆင့်ဆင့်ကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်ဝစွာရောင်းချနိုင်ရေး၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာ ရောင်းချသွားရန်နှင့် အခြေခံ စားသုံးကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးတက္ကသိုလ်၌ တက္ကသိုလ်ဝန်ထမ်းများ၊ ဆရာမများအား အပတ်စဉ် အင်္ဂါနေ့တိုင်း အသား/ငါး/ဥနှင့် ဟင်းသီး ဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများ တွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များဖြင့် ရောင်းချ ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဝက်သား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံအား မြို့နယ်(၂၈)မြို့နယ်ရှိ မြို့မဈေးများတွင် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှ စတင်၍ နေ့စဉ်ပိတ်ရက်မရှိ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည့်အပြင် တက္ကသိုလ်/ဒီဂရီ ကောလိပ်များ၊ သင်တန်းကျောင်းများသို့ အပတ်စဉ် အင်္ဂါနေ့၊ ဝန်ထမ်းအိမ်ရာများသို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာများသို့ အပတ်စဉ် ကြာသပတေးနေ့တို့တွင် ရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။