Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း)၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်ရဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊သုံးဆယ်မြို့၊ အရှေ့သပြေကုန်းရပ်ကွက်၌ ဆိုလာစနစ်ဖြင့် ဦးမြင့်ဇော်၏ တစ်ရက် တန် ၁၀၀ ကျ

ကောင်းသုခဆန်စက် လည်ပတ်နေမှုအားသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သုံးဆယ်မြို့မစျေးအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံ ဈေးသူ/သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မကျီးကွင်းကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးနေလင်းမှ သဘာဝအစားဖြင့်  ဥစားဘဲကောင်ရေ ၂၀၀၀ အောင်မြင်စွာ မွေးမြူ ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဥစားဘဲပေါက်များ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် ဘဲဥများ စျေးနှုန်းသက်သာစွာဖြန့်ဖြူးပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး(သိပ္ပံ)ကျောင်းသို့ရောက်ရှိခဲ့ပြီး ဒုတိယကျောင်းအုပ် ဆရာမကြီး ဒေါ်ဝါဝါလှိုင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ) ဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကောလိပ်အဖြစ် အဆင့်မြှင့်သွားမည့် အခြေအနေများနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လိုအပ်သည်များ တင်ပြခဲ့ကြရာ  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်း စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး သုတ/ရသစာအုပ်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရပ် ဆိုင်ရာစာအုပ်များ ဝယ်ယူနိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

             ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီပြည့်သူ့ဆေးရုံကြီး၊(၂)ထပ်ဆေးကုသဆောင်အသစ်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်စပ်ပေးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။၎င်းနောက် လက်ပံတန်းမြို့ရှိ လုပ်ငန်းရှင် ဦးသီဟဝင်း၏ T&Z EV Charging Station နှင့် ဆိုလာစနစ်ဖြင့် တစ်ရက်တန်(၁၂၀)ကျ သရဝဏ်ဆန်စက်နှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုတို့အား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။