ကြို့ပင်ကောက် မတ် ၂
=====================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ်လ(၂)ရက်နေ့ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အဦသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားတက်ရောက် ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် တရားရုံး အဆောက်အဦသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားသို့ ရောက်ရှိခဲ့ရာ မြို့နယ်တရားသူကြီးမှ တရားရုံးသစ် တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် တရားရုံးတည်ဆောက်ရေးတာဝန်ခံ Winner Land Production Co. Ltd တာဝန်ရှိသူတစ်ဦးကတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းအချက်အလက်များအား ရှင်းလငိးတင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာပန္နက်တော်တင်နေရာ၌ နေရာယူကြပြီး မင်္ဂလာအချိန်၌ပန္နက်တော်အား (၉)ချက် ရိုက်သွင်းကာ အမွေးနံ့သာရည်များ ပတ်ဖျန်း ပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင ်ရိုက်ကူးခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ် တရားရုံးအသစ်၏ ပင်မတရားရုံး (၁၄၇)ပေx(၅၆)ပေရှိ သံကူကွန်ကရစ် (၂)ထပ်အဆောက်အဦဖြစ်ပြီး တရားရုံးအင်္ဂါရပ်နှင့်အညီ ပါသင့်ပါထိုက်သည့် အဆောက်အဦများ ထည့်သွင်းဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website