ပဲခူး ဧပြီ ၃၀
===============

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဧပြီလ(၃၀)ရက်နေ့မှ မေလ(၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား သွားရောက်ကြည်ညို ကန်တော့ပြီး အအေးဗူးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီး ဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဖြေဆိုရန်အတွက် ဓမ္မာစရိယတန်း၌ ပါရာဇိကဏ်ကျမ်း(၅၆၈)ပါး၊ သီလက္ခန်ကျမ်း(၄၄၄)ပါး၊ ဓမ္မသင်္ဂဏီကျမ်း(၄၁၅)ပါး၊ မြန်မာစာဂုဏ်ထူး (၈၇)ပါး၊ ပါဠိဂုဏ်ထူး(၁၅)ပါး၊ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း(၁၉၈)ပါး၊ ပထမလတ်တန်း (၂၅၃)ပါး၊ ပထမငယ်တန်း(၄၅၂)ပါး၊ အခြေပြုမူလတန်း(၆၉၇)ပါး စာရင်းပေးသွင်း ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website