ရွှေတောင် ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့၊ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)၌ ဆေးရုံတက်ရောက်ကုသနေသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားခဲ့ပြီး ဆေးရုံ တက်ရောက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့သည်။