Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ (၁၅၀၀၀၀) အား ကျုံးရေပြင် အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ငှက်မျိုးစုံ(၁၅၀) ကောင်အား ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။

          ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းသည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲ ဆိုသည့် ကောင်းမြတ်အသောအစဉ်အလာတစ်ခုကို လက်ဆ့်ကမ်းထိန်းသိမ်းခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သလို သက်ကြီးသူတွေကို ရှေးအစဉ်အလာ ဓလေ့ထုံးစံများအရ အလေးအမြတ်ထား ပြုစုစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အဘိုးအဘွားများသည် မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အဖိုးတန်ရတနာများဖြစ်ကာ လူအဖွဲ့အစည်း၏ ရိုသေလေးစားမှု၊ ပြုစုစောင့်ရှောက်မှုတို့ကို ဂုဏ်သိက္ခာရှိရှိ ခံယူခွင့်ရရှိကြသူများဖစ်ကြောင်း၊ မိမိတို့လူငယ်၊ လူရွယ်၊ လူလတ်အားလုံးသည် အဘိုးအဘွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ အားလုံးက ဝိုင်းဝန်းအားပေးမြှင့်တင် စောင့်ရှောက်ပေးကြရမှာဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာ အခါသမယမှာ သက်ကြီးဝါကြီး ဘိုးဘွားများနှင့်တကွ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံတော်နှင့် ဘာသာ/သာသနာ အကျိုး၊ ပြည်သူ့အကျိုး၊ ဒေသအကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ကြီးပွားတိုးတက် အောင် ထမ်းရွက်နိုင်ကြစေလိုကြောင်း မေတ္တာပို့နှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော တက်ရောက်လာကြသူများက အဘိုး အဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးအဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘွား ဒေါ်ဌေးဌေးမြင့် က ဆုပေးစကား ပြန်လည်ပြောကြားခဲ့သည်။

          ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့ပေါ် ရပ်ကွက်နှင့် သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုးအဘွား (၆၉)ဦးအား ပူဇော်ကန်တော့ကြခြင်းဖြစ်ပြီး ကျန်းမာရေး စစ်ဆေးပေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြေင်းသိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်အား သံဃာတော်များဖြင့် မြို့တွင်း/မြို့ပြင် မော်တော်ကားများဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်း ရရှိသည်။