ပဲခူး စက်တင်ဘာ ၄
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ လ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးထိန်လင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ကျောင်းသား/ကျောင်းသူများနှင့် ခြင်းလုံးဝါသနာရှင်ပြည်သူများက အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တက်သစ်စ အမျိုးသမီးကစားသမား ဆုရရှိသူ ကျောနံပါတ်(၄) အိမ့်မြတ်မြတ်မိုး ရှမ်းပြည်နယ်အသင်းနှင့် တက်သစ်စ အမျိုးသားကစားသမား ဆုရရှိသူ ကျောနံပါတ်(၆)ဟိန်းဇော်ဝင်း ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းနှင့် ဦးဝင်းတင့်တို့က ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ် ပြီး အကောင်းဆုံး အမျိုးသမီးကစားသမားဆုရရှိသူ ကျောနံပါတ်(၃) ခင်ပပမျိုး၊ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် အကောင်းဆုံးအမျိုးသားကစားသမားဆုရရှိသူ ကျောနံပါတ်(၁) ဇေယံစိုး၊ ပဲခူးတိုင်းဒေသကြီး အသင်းတို့အား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့် ပေးအပ်သည်။
ယင်းနောက် အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးကလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆု ရရှိသော ပဲခူးတိုင်းဒေသကြီး အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၇)သိန်းကျပ်ကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်ကလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရန်ကုန် တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦတင်ဆွေကလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မန္တလေး တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေး တိုင်းဒေသကြီးအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း ကလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက လည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ကြသည်။
ဆက်လက်၍ အမျိုးသမီး (၄)ပေါက်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မန္တလေးတိုင်းဒေသကြီး အသင်းအား အမျိုးသမီးတံခွန်စိုက်ဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထိန်လင်းကချီးမြှင့်ပေးအပ်ပြီး အမျိုးသား (၆)ပေါက်တန်း ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တံခွန်စိုက်ဆုချီးမြှင့် ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲကြီးကြပ်ရေးဒိုင်အဖွဲ့များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။