ပဲခူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲကို ဩဂုတ်လ(၁၂) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က သေနပ်ဖေါက်၍ တာဝေးအပြေးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးသား၊ အမျိုးသမီး တာဝေးအပြေး အားကစားသမားများက သတ်မှတ်ထားရှိသည့် နေရာများအထိ ပါဝင်ယှဉ်ကြ ရာ ပြေးလမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် လူမှုရေးအသင်းအဖွဲ့များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြကာ ပန်းဝင်လာသူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပန်းကုံးစွပ်ကြိုဆိုခဲ့ကြ သည်။
ဆက်လက်၍ မြို့တော်ခန်းမ၌၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ပဲခူးတက္ကသိုလ် ကျောင်းသား/ကျောင်းသူလေးများမှ “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် ဖျော်ဖြေကာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့လူငယ် မောင်မယ်များအနေဖြင့် မိမိနိုင်ငံ့ကို ချစ်မြတ်နိုးစိတ်များ တိုးပွားလာပြီး အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စဉ်များတွင် အဓိကစွမ်းအားစုများဖြစ်၍ ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင် သော၊ တွေးခေါ်နိုင်စွမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများအဖြစ် နိုင်ငံ့တာဝန်ကို ရဲရင့်ယုံကြည်စွာဖြင့် အများကောင်းကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့ သားကောင်းသမီးမွန်များဖြစ် အောင် ကြိုးစားနေထိုင် သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသား တာဝေး အပြေးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက အမျိုးသမီး တာဝေးအပြေး ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူနှင့် ပန်းဝင်အဆင့် ၄ မှ အဆင့် ၃၀ ထိရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုများကို ပေးအပ် ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း ဂုဏ်ပြုငွေချီးမြှင့် ပေးအပ်သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မှတ်တမ်း Video Clip အား ပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှု့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး အေရိုးဗစ် သင်တန်းသူလေးများမှ သရုပ်ပြသခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့ကာ ပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။