ပြည် ဇူလိုင် ၁၄

ပြည်မြို့၊ ကမ်းနားလမ်းဘေး၊ ဧရာဝတီမြစ် သဘာဝမြစ်ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး၊ ဌာနဆိုင်ရာများက ဧရာဝတီမြစ်အတွင်း သဘာဝရေချိုငါးမျိုး ပြုန်းတီးမှုမရှိစေရေးအတွက် ၂ လက်မ အရွယ် ငါးကြင်းရွှေဝါ ကောင်ရေ(၇၅၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ(၇၅၀၀၀)တို့အား ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ပြည်မြို့၌ ဖွင့်လှစ်ထားသည့် ဒေသထွက်ကုန်အရောင်းစင်တာအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း MSMEs အမယ်သစ် များ ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်းနှင့်အတူ သက်ဆိုင်ရာကုန်ပစ္စည်းများ အလိုက် ထောက်ခံချက်ရှိနိုင်ရေးနှင့် ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website