ပဲခူး မေ ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သစ်လွင်သားဖွား ခန့်အပ်လွှာပေးအပ်ပွဲ၊ (၁၀၈)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်း အပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွားဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာ ရေး ဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန် …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူ ပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်း ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ပညာသင်ဆုကြေးနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ရာ၊ ကျောင်းသား/ ကျောင်းသူ ဝန်ထမ်းမိဘများ ကိုယ်စား ကျောင်းသားမိဘတစ်ဦးက …
Read More »မြို့နယ်အလိုက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား
ပဲခူး မေ ၂၇ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးအတွက် သီးနှံစိုက် စွမ်းအား၊ သီးထပ်စွမ်းအားတိုးတက်ရန်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသည့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် ဆီထွက်သီးနှံ နှမ်း၊ နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဇွန်လအတွင်း အပြီးရိတ်သိမ်းမည့် နွေစပါးစိုက်ဧကများ မိုးစပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်ထားရမှာဖြစ်ကြောင်းနှင့် မိုးသီးနှံများ သတ်မှတ်ဧကအတိုင်း အပြည့်အဝ စိုက်ပျိုးရန်အတွက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ ဖူလုံပိုလျှံစေရေး အလေးထားစိုက်ပျိုးရန် ဒေသ အလိုက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး မေ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၂၆)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအမှတ်စဉ်(၂/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအပ် ရာသီစတင်နေပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ စာတတ်မြောက်မှုရာခိုင်နှုန်းသည် တန်းစဉ်ကူးပြောင်းတက်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျ သဖြင့် တန်းစဉ်ကူးပြောင်းမှုရာခိုင်နှုန်း တိုးတက်စေရေးနှင့် ကျောင်းပြင်ပ ပညာသင်ကြားရေးစနစ်များ တိုးချဲ့ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးရာသီဖြစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများအားလုံး မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု(၂၁၁.၂၁)ရာခိုင်နှုန်းရှိသော်လည်း နှမ်းနှင့် နေကြာ သီးနှံအား ပန်းတိုင်အထွက်နှုန်းရရှိစေရေး …
Read More »၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေလ ၂၅ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနား အား မေလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစား ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အနာဂတ်နိုင်ငံတော်တွင် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွက် လာစေ ရေးအတွက် အားကစားနည်းအလိုက် ဗီဇပါရမီ ရင့်သန်၍ အောင်မြင်မှုအလားအလာရှိသည့် ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် နွေရာသီအဆင့်မြင့် အားကစား သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တန်ဖိုးရှိသည့် လူတော်လူကောင်းများ ဖြစ်လာစေရေး မိဘ အုပ်ထိန်းသူများအနေဖြင့် မိမိတို့ရဲ့ရင်သွေးငယ်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက်အားကစား …
Read More »ပဲခူးမြို့၌ နွေရာသီအနုပညာသင်တန်း အတီးဘာသာရပ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီအနုပညာသင်တန်း အတီး ဘာသာရပ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ နွေရာသီအတီးဘာသာရပ်သင်တန်းမှ ကျောင်းသား/သူများက “မှုံရွှေရည်”သီချင်းဖြင့် သီဆိုဖျော်တင်ဆက်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရိုးရာယဉ်ကျေးမှု အနုပညာများ တိုးတက် ပြန့်ပွာခြင်းသည် ပြည်သူတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖွံ့ဖြိုးစေပြီး လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ မြင့်မားလာစေကာ နိုင်ငံတော်အတွက် များစွာအထောက်အကူပြုစေနိုင်မှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသွင်သဏ္ဍာန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ သင်တန်းတက်ရောက်ခဲ့သည့် အခြေခံပညာ ကျောင်းသား/သူများအနေဖြင့် ရိုးရာယဉ်ကျေးမှု တူရိယာ များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာတီးခတ်သင်ကြားခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း၊ …
Read More »၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေ ၂၂ ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ် ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကာလာရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည် ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် လူထုလူတန်းစားအသီးသီး ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် …
Read More »၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပပြုလုပ်
ပဲခူး မေ ၁၆ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားအား မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့ ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီးအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး မေ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ငလျင်ဘေးဒဏ်သင့် အဆောက်အဦများ ကွင်းဆင်းစိစစ်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း လူသေဆုံးမှုနှင့် လမ်း/ တံတားအပါဝင် အဆောက်အဦများလည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ ငလျင်ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်စေရေး ကွင်းဆင်းစိစစ် ၍ ရက်ပိုင်းအတွင်း အမြန်ဆုံးပြုပြင်ပေးနိုင်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ပုဂ္ဂလိကပိုင် အဆောက် အဦများသည် ၎င်းတို့နီးစပ်ရာ အင်ဂျင်နီယာမဟုတ်သောသူများနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ နံရံပြိုကျ ခြင်း၊ ခေါင်မိုးပြိုကျခြင်းများကြောင့် လူသေဆုံးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျ၊ ပျက်စီး၊ ထိခိုက်ခဲ့သည့် အဆောက်အဦများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
ပဲခူး မေ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံ စားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား မေလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များ ဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဘုရင့်နောင် …
Read More »