ပြည် ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ၆ထပ် ဆေးကုသဆောင်သစ်၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်မြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကဏ္ဍအလိုက် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည် ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လိုက်လံအားပေးစကား ပြောကြားခဲ့သည်။ ထိုနောက် ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) မိုးစပါး စတင်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့နယ်၊ ကုန်းသာ ကျေးရွာအုပ်စု၌ ဒေသခံ မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် ၂ သီး စိုက်ပျိုးသည့် နေရာများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး စိုက်ပျိုးရန်၊ မိုးစပါးစိုက်ပျိုးပြီးပါက သီးထပ်သီးနှံအား ဆီထွက်ပဲပုပ်စိုက်ပျိုးရန် စိုက်ပျိုးရေအား အကျိုးရှိရှိသုံးစွဲကြရန်၊ သဘာဝမြေဩဇာအား ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်သုံးစွဲရန် ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်နည်းစနစ်နှင့် စိုက်ပျိုးသီးနှံအလိုက် ပြုစုပျိုးထောင်ခြင်ဆိုင်ရာ နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၉ ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ(၁၉)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြုလုပ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေကျပ် (၁၀)သိန်း ပေးအပ်ပြီး ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ …
Read More »ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးအတွက် ပြည်သူ့လူထု ကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ပြည်သူလူထုအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတစွာ စားသောက်နေထိုင် နိုင်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေး၊ ကလေးများ ကာယ၊ ဉာဏဘက်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေး ဖြည့်ဆည်းဆောင်ရွက်သွားကြပေး …
Read More »နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ဂုဏ်ပြုကြိုဆို
ပဲခူး ဩဂုတ် ၁၇ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများ ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားအား ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိ၊အရာခံ၊ အကြပ်စစ်သည်များ၊ တပ်မတော်မိသားစု ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားလူငယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာအသီးသီးမှ မိဝေးဖဝေး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် လက်ပံတန်း မြို့နယ်၊အုန်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ရေတိုက်စားခြင်းအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက လုပ်ငန်းတည်ဆောက်ရေးဆိုင်ကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နှင့် မိုးညိုမြို့တို့အား ရေဘေးကာကွယ်ပေး ထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရေဘေးကာကွယ်ရေးတာများအား စက်လှေများဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် …
Read More »အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
ပဲခူး ဩဂုတ် ၁၄ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အသိပေးအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန်————————
Read More »ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၂ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ခေတ် လူငယ်များဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်များဟာ နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံတော်၏ အင်အား၊ နိုင်ငံတော်ကို တည်ဆောက်မည့်သူများဖြစ်တဲ့အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာပြည့်ဝအောင်၊ ဗလ(၅)တန်ဖွံ့ဖြိုးအောင်၊ လူတော်လူကောင်းများဖြစ် အောင် ဆောင်ရွက်ပေးရန် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲ့ဒီနိုင်ငံရဲ့ အနာဂတ်တာဝန်များကို ပခုံးပြောင်း လွှဲယူနိုင်မယ့် လူငယ်များရဲ့ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဦးဆောင်နိုင်မှုနဲ့ စိတ်ဓာတ်ရေးရာ …
Read More »၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက် ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ အဆင့်အတန်းမီမီ ခင်းကျင်းပြသသွားရန်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် အခြား ဆက်စပ်သည့် ဒေသတွင်းစီးပွားရေးကိုလည်း အကျိုးဖြစ်ထွန်းစေသဖြင့် လာရောက်လည်ပတ်နိုင်သည့် အထင်ကရနေရာများ၊ သာယာလှပမှုများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို စနစ်တကျဖော်ပြ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပြသသွားရမှာ ဖြစ်ကြောင်းနှင့် ဆန်စပါးနှင့် ပဲအမျိုးမျိုး အဓိကထွက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ တန်ဖိုးမြှင့်ဆန်နှင့် ပြည်ပပို့ကုန်အဆင့်မီသော တန်ဖိုးမြှင့် ပဲအမျိုးမျိုးကိုလည်း တိုက်ရိုက်ချိတ်ဆက် တင်ပို့ရောင်းချနိုင်ရေး Information …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၉ ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲကို ဩဂုတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အားပေး ချီးမြှင့်ပေးခဲ့သည်။ အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲနှင့် အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲဟူ၍ နှစ်မျိုးပါဝင်ခွဲခြားထားပြီး အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၁၉၀)ဦးတို့သည် တိုင်းဒေသကြီး လူငယ် စင်တာခန်းမရှေ့မှ ရန်ကုန်-မန္တလေးလမ်း၊ ဆည်မြောင်းလမ်းဆုံအထိ (၅.၅)မိုင်အားလည်းကောင်း၊ အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်(၃၆၀)ဦးတို့သည် တိုင်းဒေသကြီးလူငယ်စင်တာရှေ့မှ ရန်ကုန်-မန္တလေးကားလမ်း၊ မဟာမြိုင်လမ်းဆုံအထိ (၄)မိုင်အားလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရာသူကြီးချုပ်၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ကြိုဆိုအားပေးခဲ့ကြပြီး အားဖြည့်အချိုရည်နှင့်မုန့်များ ပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website