ပဲခူး နိုဝင်ဘာ ၁၃

ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာသံစုံတီးဝိုင်းဖြင့် Grade 12 ကျောင်းသား/သူများက “ကျောင်းသီချင်း”ဖြင့်လည်းကောင်း၊ Grade 10 ကျောင်းသား/သူများက “အမျိုးသား နေ့ကြွေးကြော်သံ”သီချင်းဖြင့်လည်းကောင်း၊ Grade 8 ကျောင်းသူ မအိမြတ်ချယ်က “စကားဝါမြေ”သီချင်း ဖြင့်လည်းကောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေတံဆိပ်သုံးဆုရှင် တေးသံရှင် မဧကရီအောင်က “တောသူအချစ်” သီချင်းဖြင့်လည်းကောင်း၊ Grade 9 ကျောင်းသူ မမေဘုန်းမြတ်က “ပန်းရည်ဘဏ်တိုက်” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တီးခတ်သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုများနှင့် ဆရာ/ ဆရာမများအတွက် အဝတ်အထည်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website