Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၂

          ပဲခူးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

            ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက “အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ် ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကာလာရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဆိုသည့် ဦးတည် ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် လူထုလူတန်းစားအသီးသီး ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် အတားများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုများရရှိလာနိုင်မှာဖြစ်ကြောင်း၊ စဉ်းစားသုံးသပ် တွေ့ခေါ်မှု၊ ပြဿနာဖြေရှင်းမှု၊ တီထွင်ဖန်တီမှု၊ ဆန်းစစ်အကဲဖြတ်တတ်မှု၊ ပိုင်းခြားစိတ်ဖြာသုံးသပ် တတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ လူမှုဆက်ဆံရေးစိတ်ခံစားမှုကို နားလည်တတ်မှု၊ တရားမျှတမှု၊ လောကနီတိဆိုင်ရာအပြုအမူနှင့်ဦးဆောင်တက်မှု၊ နိုင်ငံ့သားကောင်းဖြစ်မှု အစရှိသည့် စွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အသိပညာ အတတ်ပညာများကို “ဘက်စုံပညာရေး”က ပြည့်စုံစေနိုင်မှာဖြစ် ကြောင်း၊ ပညာသင်ကြားခြင်းသည် အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် အလွန်အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ ပေါများလာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပင်ဖြစ်ပြီး KG+9 အလယ်တန်း ပညာရေးမှတစ်ဆင့် အသက်မွေးပညာကျောင်းများသို့ ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကာ သတ်မှတ်အရည် အချင်းပြည့်မီပါက အဆင့်မြင့်ပညာရေးများကို တက်ရောက်သင်ကြားနိုင်မှာဖြစ်ကြောင်း၊ တိုင်းပြည်အတွင်း ပညာတတ်များပေါများမှသာ အေးချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းကို ဖန်တီးနိုင် မှာဖြစ်၍ အခြေခံအကျဆုံးဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် KG+9 ပညာ ရေးပြီးမြောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထားကာ အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကျောင်းသွားကြမယ် သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေရေး ကျောင်းသား/သူများအား ဆုငွေများချီးမြှင့်ပေးခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။