Home / ဝေါမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်

ဝေါမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်

ဝေါမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

 

တည်နေရာအကျယ်အဝန်း

waw

မြောက်လတ္တီတွဒ်၉၆ဒီဂရီ၄၁မိနစ်နှင့်အရှေ့လောင်ဂျီတွဒ်၁၇ဒီဂရီ၂၈မိနစ်ဆုံရာတွင်တည်ရှိပါသည်။

အကျယ်အဝန်း

၁။      ဧရိယာစတုရန်းမိုင်                        –        ၃၇၆.၇စတုရန်းမိုင်

၂။      အရှေ့မှအနောက်                          –        (၂၁)မိုင် (၃)ဖာလုံ

တောင်မှမြောက်                                     –        (၂၇)မိုင် (၁)ဖာလုံ

၃။      မြို့နယ်ဧရိယာစတုရန်းမိုင်              –        ၃၇၆.၇စတုရန်းမိုင်

၄။      မြို့ဧရိယာစတုရန်းမိုင်                    –        ၁.၅၄စတုရန်းမိုင်

နယ်နိမိတ်

          ဝေါမြို့နယ်၏အရှေ့ဘက်တွင်မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်၊ တောင်ဘက်တွင် သနပ်ပင်မြို့နယ်၊အနောက်ဘက်တွင် ပဲခူးမြို့နယ်နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် ဒိုက်ဦးမြို့နယ်နှင့်ညောင်လေးပင်မြို့နယ်တို့နှင့်နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။

(၂)မြေမျက်နှာသွင်ပြင်၊ရာသီဥတု

မြေပြင်အခြေအနေ

          ညီညာပြန့်ပြူးသောမြေမျက်နှာပြင် အနေအထားရှိ၍ မိုးအခါရေလွှမ်းသောမြေနိမ့်ပိုင်းဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့်

          ဝေါမြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အထက် (၂၃.၈)ပေတွင်တည်ရှိပါသည်။

ရာသီဥတု

          ဝေါမြို့နယ်သည် ပူအိုက်စွတ်စိုသောရာသီဥတုရှိပါသည်။

(၃)အုပ်ချုပ်ရေးဆိုင်ရာ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

        မြို့                         –        ၁ မြို့

          ရပ်ကွက်                 –        ၆ ရပ်ကွက်

          ကျေးရွာအုပ်စု           –        ၅၄ အုပ်စု

          ကျေးရွာ                  –       ၁၁၇ ရွာ

ဌာနဆိုင်ရာရုံးများ

        ဌာနဆိုင်ရာရုံး           –        ၃၀ရုံး

ဝေါမြို့နယ်ရှိဌာနဆိုင်ရာရုံးများအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ဌာနဆိုင်ရာအမည်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်တရားရုံး
မြို့နယ်ဥပဒေရုံး
မြို့နယ်ကော်မရှင်ရုံး
မြို့နယ်စာရင်းစစ်ရုံး
မြန်မာနိုင်ငံရဲတပ်ဖွဲ့
လယ်ယာဖွံ့ဖြိုးရေးဘဏ်
ငါးလုပ်ငန်းဦးစီးဌာန
မီးသတ်ဦးစီးဌာန
၁၀ မြို့နယ်စည်ပင်သာယာရေးအဖွဲ့
၁၁ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၁၂ မြို့နယ်ဆောက်လုပ်ရေး
၁၃ မြို့နယ်သမဝါယမဦးစီးဌာန
၁၄ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
၁၅ မြို့နယ်လယ်စီနှင့်မြေယာစာရင်းအင်းဦးစီးဌာန
၁၆ မြို့နယ်ဆည်မြောင်းဦးစီးဌာန
၁၇ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန
၁၈ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
၁၉ မြို့နယ်စီမံကိန်းဦးစီးဌာန
၂၀ မြို့နယ်ကုသရေးနှင့်မွေးမြူရေးဦးစီးဌာန
၂၁ မြို့နယ်ဆက်သွယ်ရေး
၂၂ မြို့နယ်စာတိုက်နှင့်ကြေးနန်း
၂၃ မြို့နယ်အားကားစားဦးစီးဌာန
၂၄ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန
၂၅ မြန်မာ့လျှပ်စစ်လုပ်ငန်း
၂၆ မြန်မာ့စီးပွားရေးဘဏ်
၂၇ မြို့နယ်ပညာရေးမှူးရုံး
၂၈ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
၂၉ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန
၃၀ မြန်မာ့မီးရထား

မြို့နယ်အတွင်းရှိရဲစခန်းများ

        (၁)     ဝေါမြို့မရဲစခန်း

          (၂)     မြစ်ကျိုးရဲစခန်း

          (၃)     ညောင်ခါးရှည်ရဲစခန်း

(၄)စီးပွားရေး    

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

          ဝေါမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး၊  စီးပွားရေးအရ အချက်အခြာကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ဝေါမြို့နယ်သည် ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆန်စပါး ဖြစ်ပါသည်။

 (၅)လူမှုရေး

အခြေခံပညာကျောင်းများ

        အထက်တန်းကျောင်း                              –                  ၇ကျောင်း

          အလယ်တန်းကျောင်း                              –                ၁၀ကျောင်း

          မူလတန်းကျောင်း                                   –              ၁၀၉ကျောင်း

          မူလတန်းကြိုကျောင်း                              –                  ၂ကျောင်း

          ဘုန်းတော်ကြီးသင်ပညာရေးကျောင်း –               ၁၂ကျောင်း

 

ဆေးရုံများ

          (၁)     မြို့နယ်ဆေးရုံ                              –        (၂၅)ကုတင်ဆံ့

          (၂)     မြစ်ကျိုးတိုက်နယ်ဆေးရုံ                –        (၁၆)ကုတင်ဆံ့

          (၃)     သူရဲသမိန်တိုက်နယ်ဆေးရုံ              –        (၁၆)ကုတင်ဆံ့

          (၄)     ညောင်ခါးရှည်တိုက်နယ်ဆေးရုံ                  –        (၁၆)ကုတင်ဆံ့

          (၅)     ဖိုးဦးစိန်တိုက်နယ်ဆေးရုံ                –        (၁၆)ကုတင်ဆံ့

ဆေးပေးခန်းများ   

        (၁)     အနာကြီးရောဂါတိုက်ဖျက်ရေး

          (၂)     ငှက်ဖျားတိုက်ဖျက်ရေး

          (၃)     တီဘီရောဂါတိုက်ဖျက်ရေး

          (၄)     မိခင်နှင့်ကလေးကျန်းမာရေး

ကျေးလက်ကျန်းမာရေးဌာန

          (၁)     ကျေးလက်ကျန်းမာရေးဌာန            –        ၈ ခု

          (၂)     ကျေးလက်ကျန်းမာရေးဌာနခွဲ                    –      ၃၀  ခု

အသင်းအဖွဲ့များ

          (၁)     ဝေါမြို့အခမဲ့နာရေးကူညီမှုအသင်း

ထင်ရှားသည့်ဘုရားစေတီပုထိုးများ

(၁)     ကြုံတူစေတီ                                          ဝေါမြို့

(၂)     ရွှေဘုန်းပွင့်စေတီ                                    ဝေါမြို့

(၃)     သာမြင်ကုန်းစေတီ                                  မြစ်ကျိုးကျေးရွာ

(၄)     ဆာကတန်ဘုရား                                   လက်ပန်ကျေးရွာ

(၅)     ရန်ပြေမာန်ပြေဘုရား                               ညောင်ခါးရှည်ကျေးရွာ

 

ဘာသာရေးအဆောက်အဦများ   

          (၁)     ဘုန်းကြီးကျောင်းများ                    –        ၁၆၅ ကျောင်း

          (၂)     အစ္စလာမ်ဝတ်ပြုကျောင်း                –            ၂ ကျောင်း

          (၃)     ဟိန္ဒူဘုရားကျောင်း                      –            ၂ ကျောင်း

          (၄)     တရုတ်ဘုရားကျောင်း                             –            ၁ ကျောင်း

          (၅)     ခရစ်ယာန်ဘုရားကျောင်း               –            ၁ ကျောင်း

 (၆)ကျေးလက်ဒေသဖွံ့ဖြိုးရေး       

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်ဝေါမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခွင့်ပြုငွေ)

စဉ် ကျေးရွာအုပ်စု လုပ်ငန်းအမျိုးအစား ခွင့်ပြုရန်ပုံငွေ ပြည်သူထည့်ဝင်ငွေ

+

ပစ္စည်းတန်ဖိုး

ရှမ်းကိုင်းကျေးရွာအုပ်စု မြေသားလမ်းပြုပြင်ခြင်း ၁၀၀၀၀၀၀ ၁၀၄၀၀၀၀

 

 (၇)ယဉ်ကျေးမှုနယ်မြေများ

        ဝေါမြို့နယ်တွင် ယဉ်ကျေးမှုနယ်မြေများမရှိပါ။

(၈) ဒေသသမိုင်းအကျဉ်း

ဒေသသမိုင်း

          ရှေ့ယခင်ကဤနေရာတွင်မြို့ရွာဟူ၍မရှိခဲ့ပါ။၄င်းနေရာသည်ပင်လယ်တိမ်ဖြစ်၍ လှေကြီး၊ လှေငယ်များ ဖြင့်သွားလာလှုပ်ရှားနေရသောရေ၀င်းများသာဖြစ်ခဲ့ပါသည်။ ထိုစဉ်ကမိုးတွင်း၌ ရေလျှံမှုများကို ဖြစ်ပေါ်ခဲ့ပြီး၊ ဆောင်းနှင့်နွေကာလသို့ရောက်သည့်အခါ ကိုင်းတောကြီးများနှင့် အိုင်၀င်းများသာ ဖြစ်ပေါ်ကျန်ရှိ၍ ငါးအမြောက်အမြားကိုဖမ်းယူစားသုံးနိင်ကြောင်းသိရပါသည်။ ၄င်းအချိန်၀င်း၏ ကမ်းနားတလျှောက်၌တလိုင်း လူမျိုးများ နေထိုင်ပြီးဝင်းအတွင်းမှငါးများကို ရှာဖွေဖမ်းယူ စားသောက်ခဲ့ကြသည်။ ငါးဖမ်းလုပ်သား တလိုင်းလူမျိုး အများစုမှာငါးအလွန်ပေါများသော ဆဲဘတ်(ထိုစဉ်ကဖောင်သမားများအခေါ်) အနီးရှိ မငေးညောင်ပင် နေရာ (ယခုအခေါ်) ဇွဲဘတ်ချောင်းဝ၌ စုဝေးနေထိုင်ပြီး ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသည်။ ငါးများပေါများရာ ချိုင့်ဝှမ်းသို့မဟုတ်ဝင်းကို ခေါ်ခြင်းဖြစ်သည်။သို့ဖြစ်၍ဝေါလ်ဆိုသည်မှာချိုင့်ဝှမ်းသို့မဟုတ်ဝင်းကိုခေါ်ခြင်းဖြစ်သည်။ ထိုစဉ်က ၄င်းတို့ ငါးဖမ်းထွက်ရန်အတွက်အချင်းချင်းဆက်သွယ်ကြရာတွင်မင်းတို့ဒီနေ့ဘယ်ဝေါလ်ကိုငါးသွားရှာကြမည်လဲဟုမေးလေ့မေးထရှိကြောင်းသိရသည်။ ဆိုလိုသည်မှာဘယ်ဝင်းကိုသွားပြီး ငါးရှာကြမည်လဲဟု ဆိုလိုခြင်း ဖြစ်ပါသည်။

          ထိုသို့ဖြင့် ယခုဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက်ရှိ ဇွဲဘတ်ချောင်ဝမငေးညောင်ပင်နေရာမှာ တလိုင်း ငါးဖမ်း လုပ်သားများစုဝေးနေထိုင်ခဲ့သောတံငါတဲစုများမှအစပျိုး၍ယခုဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက်ပဲခူး-စစ်တောင်း တူးမြောင်း ပတ်ဝန်းကျင်၌ထိုစဉ်က ငါးဖမ်းစားသူ၊တနည်းအားဖြင့် ရေလုပ်သားများတိုးတက် စုဝေး နေထိုင်လာပြီး၊ငါးအလွန် ပေါများသောယခုဝေါမြို့တည်နေရာဖြစ်သော ဝေါလ်ခေါ်ဝင်းအတွင်းမှ ငါးများကိုဖမ်းယူစားသောက်ခဲ့ကြသည်။ နောက်ပိုင်းတွင်ဤတံငါရွာသို့ ရောက်ရှိလာကြသော မြန်မာ များက ၄င်းတံခါရွာကို ထိုစဉ်ကတလိုင်းများခေါ်လာသကဲ့သို ဝေါလ်ဟုပင် ဆက်လက်ခေါ်ခဲ့ကြပြီး ကာလရွေ့လျားသောအခါဝေါဟုပြောင်းလဲ ခေါ်လာကြသည်။

 (၁၀) ဝေါမြို့နယ်အတွင်းရှိပွဲတော်များ

 (က)ဝေါမြို့သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲကိုတပေါင်းလဆန်း(၁၁)ရက် နေ့မှ လပြည့်နေအထိနှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပပါသည်။

 

(ဂ)သမိုင်းကြောင်း

          ဝေါမြို့၏အရှေ့ဘက်၊ မြောက်ဒေါင့်အရပ် (၁)မိုင်ခန့်ဝေးပြီး ဇွဲဘတ်ချောင်းဝအနီးရှိ ကုန်းပေါ်တွင် သာသနာ သက္ကရာဇ် (၆၀)ကျော်ခန့်က ပဲခူးဟံသာ၀တီဘုရင်သမလနှင့် ဝိမလတည်ထားကိုးကွယ်ခဲ့သော ကြုံတူစေတီတော် နှစ်ဆူရှိပါသည်။ ထိုကြုံတူစေတီတော်များဖြစ်ပေါ်လာသည့် သမိုင်းကိုဖော်ပြရပါလျှင် သာသနာသက္ကရာဇ်(၅၄)ခုနှစ်ခန့် ကသုဝဏ္ဏဘုမ္မိသထုံပြည်၊ ကျိုက်ထီးရိုးဘုရား၌ သီတင်းသုံးနေသော တိဿရသေ့ကြီးသည် မြေးတော်များဖြစ် သောသမလနှင့်ဝိမလညီနောင်နှစ်ဦးအား ငါ့မြေးတို့ အရွယ်ရောက်သောအခါဤဒေသ၏အနောက်ဘက်အရပ်သို့သွားကြလေထိုအရပ်မှာပင်သင်တို့သည်မြို့တည်၍မင်းပြုကြကုန်လော့ဟုမိန့်မှာချက်အရသမလနှင့်ဝိမလ ညီနောင်နှစ်ဦးသည် သုဝဏ္ဏဘုမ္မိ သထုံပြည်သားလူပေါင်း(၁၇၀)ကို လှေပေါင်း(၁၇)စီးတို့ဖြင့် တင်ဆောင်၍ ပင်လယ် တိမ်ရေလမ်းခရီးဖြင့် ထွက်ခွာခဲ့ကြသည်။ ၄င်းတို့သည် ပထမဦးစွာမြောက်ကြိမ်များ အလွန်ပေါများသော ကျွန်းတ ကျွန်းသို့ ရောက်ရှိခဲ့ပြီးထိုကျွန်းကိုမွန်ဘာသာဖြင့် (ကော့ဇံတ္တ) ဟုခေါ်ပြီး၊ မြန်မာဘာသာအရ မြောက်ကြိမ် တောကျွန်းဟု အဓိပ္ပါယ်ရရှိပါသည်။ ညီနောင်နှစ်ပါးသည်ထိုကျွန်းတွင် တနေ့တာ ခေတ္တအနားယူ ကြပြီးနောက် ခရီးဆက်ကြရာ ဝေါမြို့နယ်၏ဝင်းကဒတ်ကျေးရွာနှင့် ရှမ်းကိုင်းကျေးရွာများအနီးရှိ ဒီဘေးမြစ်ဝကျွန်းကိုဖြတ်ကျော်ကာကိုင်းပင် နှင့်ခြုံများ ထူထပ်လျက်ရှိသော ကုန်းမြေမြင့်အရပ်သို့ ရောက်ရှိခဲ့ကြပြန်သည်။ ၄င်းကုန်းမြေမြင့်သည်ယခုအခါ ကြုံတူစေတီ တော်မြတ်တည်ထားသော ကြုံတူကုန်းတော်ပင်ဖြစ်ပါသည်။

          ထို့နောက်ညီနောင်နှစ်ဦးသည်ကြုံတူကုန်း၌ရပ်နားပြီးနောက်တနေ့ခရီးဆက်ထွက်ကြရာဒုံဇိုင်းတူအရပ် ကမ်းခြေသို့ရောက်ရှိခဲ့ကြပြီး၊ဒုံဇိုင်းတူမှာယခုပဲခူးမြို့နယ်ဇောင်းတူကျေးရွာပင်ဖြစ်ပါသည်။ ထိုသို့ သမလ၊ ဝိမလညီနောင်တို့ ဒုံဇိုင်းတူရွာကြီးရောက်ချိန်သည် သူဌေးသားညီနောင်ဖြစ်ကြသော မဟာသာလနှင့် စူဠသာလတို့ပင့် ဆောင်ခဲ့သော ဆံတော်ပူဇော်ပွဲကြီး ကျင်းပနေသောအချိန်အခါပင် ဖြစ်ပါသည်။

          သမလ၊ ဝိမလညီနောင်တို့သည်သာသနာသက္ကရာဇ် (၅၆)ခုနှစ်ခန့်တွင်ပဲခူး၊ ဟံသာဝတီ ပြည်ကို တည်ထောင်ပြီး၊ ထီးနန်းအုပ်ချုပ်မင်းပြုခဲ့သည်။ ထိုစဉ်၄င်းတို့ သုဝဏ္ဏဘုမ္မိသထုံပြည်မှဒုံဇိုင်းတူသို့ ရောက်လာခဲ့စဉ်ကလမ်းခရီး၌ ခေတ္တနားခိုခဲ့သောကြုံတူကုန်းမြေသည်ကိုင်းပင်၊ ခြုံနွယ်ပင်များ ပေါများစေကာ မူအလွန်သာယာဘွယ်ဖြစ်၍ထို နေရာကုန်းမြေကို ပြန်လည်သတိရရှိခဲ့ကြသည်။ ထို့နောက်ညီနောင်နှစ်ဦးတို့သည်သာသနာသက္ကရာဇ်(၆၀)ခုနှစ် ခန့်ကကြုံတူကုန်းမြေသို့ထပ်မံလာ ရောက်ပြီး၊ဘုရားနှစ်ဆူတည်ထားကာကျိုက်ကရုံဘုရားဟုဘွဲ့တော်ပေးခေါ်တွင်စေပြီးကိုးကွယ်ခဲ့ကြသည်။ ကျိုက်ကရုံမှာ မွန်ဘာသာစကားဖြစ်ပါသည်။ ကျိုက်၏အဓိပွါယ်မှာဘုရားကို ဆိုလိုပြီး၊ ကရုံဆိုသည်မှာ ချောင်းငယ်လေးဖြစ်၍ကျိုက်ကရုံမှာချောင်းငယ်လေးအနီးတွင် တည်ရှိသော ဘုရားဟု အဓိပွါယ်ရရှိပါသည်။ ကြုံတူကုန်းတော်မှာဇွဲဘတ်ချောင်းနှင့်အနီးကပ်ပြီး၊ ထိုစဉ်ကဝေါမြို့ နေရာမှာ လည်းရေဝင်းများသာ ဖြစ်ခြင်းကြောင့်ကြုံတူဘုရား၏ ဘွဲ့တော်ကိုပါ မွန်ဘာသာကျိုက်ကရုံ ခေါ် ချောင်းငယ်လေးအနီးဘုရားဟု သဘာဝကျကျခေါ်တွင်စေခဲ့သည်ဟုယူဆရပါသည်။ ထိုသို့ သမလနှင့်ဝိမလညီနောင်နှစ်ဦးတို့ တည်ထားခဲ့သော ကြုံတူစေတီတော်နှစ်ဆူ၏ သက်တမ်းကြာမြင့်လာ သောအခါ သာလွန်မင်းတရားကြီးလက်ထက်သထုံပြည် တလျှောက်၌ တလိုင်းသူပုန်များ ထကြွ သောင်းကျန်းမှုကြောင့် ပြည်သူလူထုမှာစားဝတ်နေရေး ကြပ်တည်းလာသဖြင့်စစ်ပြေး ဒုက္ခသည များအဖြစ်ပဲခူး၊ ဟံသာဝတီနယ်အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည်ဟုသိရပါသည်။ ထိုစစ်ပြေး ဒုက္ခသည်များအနက်အချို့မှာ ကြုံတူဘုရားပတ်ဝန်းကျင်တလျှောက်၌လာရောက်စုရုံး နေထိုင်ပြီး ဘူး၊ သခွား၊ ဖရုံအစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင် စားသောက်ခဲ့ကြသည်။ ထိုသို့စစ်ပြေး ဒုက္ခသည်များ ရောက်ရှိလာပြီး၊ မကြာမီမှာပင်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သည် အချင်းချင်း မေတ္တာသက်ဝင်အိမ်ထောင် ပြုကြ၍ယခုလိုအချိန်အခါမျိုးတွင် ကြံကြံဖန်ဖန်ကြုံတွေ့ဖူးစာဆုံဘက်ရခြင်းကို အကြောင်းပြု၍ ဘုရားဘွဲ့တော်ကိုကြုံတွေ့ ဘုရားဟုပြောင်းလဲခေါ်ဝေါ်စေကာကာလကြာမြင့်လာ သောအခါ ကြုံတူဘုရားဟုတဖန်ပြောင်းလဲခေါ်ဝေါ်လာကြသည်မှာ ယခုထက်တိုင်ပင်ဖြစ်ပါသည်။

 (ဃ)ဝေါမြို့သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီး

waw 1