ပဲခူး နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ အဓိကစီးပွားရေး သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ တောင်သူများ၏ လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်သို့ ရာခိုင်နှုန်းပြည့် ပြောင်းလဲနိုင်ရေး ဒေသအလိုက် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်မှုများကို အားပေးမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ဒေသ တွင်းပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသား၊ ငါး၊ ဥများ သတ်မှတ်ချက်အတိုင်း အပြည့်အဝစားသုံး နိုင်ရေး မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်မွေးမြူနိုင်ရေး အခွင့် အလမ်းကောင်းများ ဖန်တီးပေးသွားရန်နှင့် တစ်ဘက်တွင်လည်း တစ်အုပ်တစ်မ စားဖိုဆောင်သီးနှံစိုက်ခင်းများ အောင်မြင် စေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နှစ်စဉ်(၃)သီးစိုက်ဧကများ တိုးတက်လာ စေရေးနှင့် သီးထပ်စွမ်းအား တိုးတက်လာစေရေး စိုက်ပျိုးရေးရရှိရေးကို ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံ ဖြင့် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် တန်ဖိုးမြှင့် စပါးမျိုးများဖြစ်သော တောင်ပျံမွှေးနှင့် ပေါ်ဆန်းမွှေး တို့အား မျိုးမြှင့်တင်နိုင်ရန် ခေါင်နှံဖြင့်ပျိုးထောင် စိုက်ပျိုး၍ မျိုးသန့်ခြင်းတို့ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် Online Zoom Meeting System ဖြင့် တက်ရောက်လာသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မိုးသီးနှံရိတ်သိမ်းနေမှုနှင့် ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု၊ ဒေသတွင်း လစဉ်မွေးမြူမည့် တိရစ္ဆာန်ဦးတည်အုပ်စုအလိုက် တိုးချဲ့မွေးမြူထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များအား အသီးသီးတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ဖြိုးတိုး တက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website