Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြား

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၉

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၆) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး ခြင်း၊ စိုက်ပျိုးရေကြိုတင်သိုလှောင်ခြင်း၊ သွင်းအားစုများလိုအပ်ချက်များနှင့် စက်သုံးဆီ လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး တင်ပြပေးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို သီးနှံအထွက်နှုန်းများ တိကျမှုရှိစေရေးနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး အထူးအလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံများအား ယခင်နှစ်ကာလတူထက် စိုက်ဧက လျော့နည်းစိုက်ပျိုးမှု မဖြစ်ပေါ်စေရေး မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မွေးမြူရေး ကဏ္ဍနှင့်ပတ်သက်၍ ဒေသတွင်း လစဉ်တိုးချဲ့မွေးမြူရမည့် စီမံချက်များအတိုင်း မွေးမြူနိုင်ရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် မျိုးကောင်းမျိုးသန့်များ စနစ်တကျ ရွေးချယ်မွေးမြူနိုင်ရေး လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် မိုးသီးနှံရိတ်သိမ်းထွက်ရှိမှု၊ ဆောင်း သီနှံစိုက်ပျိုးနေမှု၊ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ လစဉ်စီမံချက်ပါအတိုင်း ဦးတည်အုပ်စုအလိုက် တိရစ္ဆာန်တိုးချဲ့မွေးမြူနေမှုနှင့် MSME လုပ်ငန်း များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုတို့အား Power Point ဖြင့် အသေးစိတ်ရှင်း လင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲခူးတိုင်း ဒေသကြီးအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ထိခိုက်မှု မရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။