Home / 2021 / March / 16

Daily Archives: March 16, 2021

မတ်လ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

မတ် ၁၆ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၈)ခု၌ နိုင်ငံသား(၃၁၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆)ခု၌ နိုင်ငံသား(၂၀)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၄)ခု၌ နိုင်ငံသား(၁၀၇)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၁၂)ခု၌ နိုင်ငံသား(၅၁၆)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၆၉၄)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မတ်လ ၁၆ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မတ်လ(၁၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အလှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ၂၀၂၁ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့၊ ၁၃၈၂ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်မည့် အခမ်းအနားဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ ပြည့်စုံအောင် ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ကြွရောက်လာကြမည့် ဆရာတော်များနှင့် သီလရှင်များအတွက် ခေတ္တသီတင်းသုံးမည့် နေရာများ သန့်ရှင်းသပ်ရပ် စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အခမ်းအနား အား …

Read More »