Home / 2021 / March / 30

Daily Archives: March 30, 2021

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး မတ်  ၃၀ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များ (Public,Private,Partnership) တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း(Contract Farming System)သည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သော ပုဂ္ဂလိက လယ်ယာလုပ်ငန်းကြီးများ ပေါ်ပေါက်လာစေရန်နှင့် အရည် အသွေးပြည့် …

Read More »