Home / 2021 / February

Monthly Archives: February 2021

ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၆ =========           ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ  ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုများ လျော့ကျလျက် ရှိသော်လည်း ပေါ့ဆ၍မရကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိကြောင်း၊ ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘာသာရေးအဆောက်အဦများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၄ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးမြို့၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ထပ်မံလေဆိပ်ဧရိယာတိုးချဲ့ရန် အခက်အခဲများရှိနေ သဖြင့် ရန်ကုန်မြို့နှင့် အနီးကပ်ဆုံးရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်ထွက်ပေါက် ဧရိယာအတွင်း ရှိသည့် ပဲခူးမြို့တွင် ၁၉၉၄ ခုနှစ်၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် စီမံကိန်းစတင်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အဆင့်မှ လေဆိပ်ဖြစ်မြောက်နိုင်ရေး ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်စေရန် ကျူးကျော်စာရင်းကောက်ယူခြင်း၊ လျော်ကြေးငွ ပေးချေခြင်း၊ လေဆိပ်ပတ်လမ်း ပေ(၁၀၀)အကျယ် ဖော်ထုတ်ခြင်းနှင့် မြေယာပိုင်ဆိုင်မှု ရရှိနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်အလိုက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ဆန်၊ဆီ ထောက်ပံ့ပေးအပ်

ပဲခူး ဖေဖော်ဝါရီ ၂၄ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်များအား ဆန်၊ဆီ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဌာနစိတ်အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေ ကြသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မပျက် လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသဖြင့် ကျေးဇူး တင် ဝမ်းမြောက်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေသော ဝန်ထမ်းများအနေဖြင့် လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ မိမိလုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်ရန်နှင့် တာဝန်သိစွာဖြင့် လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်သူများကို တစ်စုံတစ်ရာ အရေးယူမှုများ ပြုလုပ် မည်မဟုတ်ကြောင်း ကြေညာထားသည်ကို တာဝန်ရှိသူ အဆင့်ဆင့်က အသိပေးပြောကြားထား စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၀ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအား Online Meeting စနစ်ဖြင့်ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အရေးပေါ်ကာလ(၁)နှစ်အတွင်း ဆောင်ရွက်မည့် Road Map (၅)ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ COVID-19ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးတွင် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူနေစဉ်ကာလ အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက …

Read More »

ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ကပ်ရောဂါကြောင့် တစ်နှစ်တာကာလ စီးပွားရေးနှောင့်နှေးမှုကို ပြန်လည်ကုစားနိုင်ရေး အရှိန်အဟုန် ဖြင့်ဆောင်ရွက်ရာတွင် ဒေသတွင်းလုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ လက်ရှိ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခင်တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ဆဲလုပ်ငန်းများကိုလည်း စည်းကမ်း၊ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွေဖည်မှုမရှိစေဘဲ စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်ရှိကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၄ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်အား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ အောင် ဆောင်ရွက်နေလျက်ရှိရာ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေ ခြင်းမျိုးမရှိစေဘဲ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ ဌာနများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားပြည်သူလူထု အားလုံး၏ အကျိုးစီးပွား သာယာဝပြောစေရေးနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တို့အတွက် ဌာနအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်ပြီး စေတနာထား ဆောင်ရွက်ရန်လိုကြောင်း ဌာနအတွင်းရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိ ပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြီး (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၂ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက် (၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်းအတွင်း၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ အလံတင်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ တက်ရောက် ကြပြီး နံနက်(၅:၃၀)နာရီအချိန်တွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်၍ အလေးပြုကြသည်။ ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ဆက်လက်ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော် အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြသည်။  ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ …

Read More »

တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀ ===============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီး၏ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဥပဒေနှင့်အညီသာ ဝင်ရောက် ထိန်းသိမ်းပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ စတင်ကြေညာသည့် အချိန်မှစ၍ စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဒီမိုကရေစီ လမ်းစဉ်အတိုင်း စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရေးပေါ်ကာလ တစ်နှစ်အတွင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောက်လုပ်ဆဲလုပ်ငန်းများ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဘာသာပေါင်းစုံအဖွဲ့တို့ တွေ့ဆုံ

ပဲခူး ဖေဖော်ဝါရီ ၇ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၇) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီ(၁) ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ(၁)နှစ် တာဝန်ယူဆောင်ရွက်လျက်ရှိ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် မူဝါဒ၊ စီးပွားရေးနှင့်ပတ်သက်သည့် မူဝါဒ၊ လက်ရှိသွားနေသည့် နိုင်ငံရေးလမ်းစဉ်အပေါ်တွင် လုံးဝပြောင်းလဲခြင်းမရှိကြောင်း၊ ဆောက်လုပ်ဆဲ လုပ်ငန်းများ လုပ်ဆောင်နေသည်များရှိကြောင်း၊ ဆက်လက်၍ စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကောလဟလ သတင်း များအား Social Media နှင့် တယ်လီဖုန်း စာတိုပေးပို့ခြင်းတို့မှတစ်ဆင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှု နှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၆ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှုနှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ကောင်စီဝင်များသည် ပဲခူးမြို့၊ မြို့ဦးကင်းတံတား ရှင်းလင်းဆောင်သို့ သွား ရောက်ခဲ့ရာ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉) မြို့ဦးကင်းတံတားတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဒေါ်စုမွန်ကျော်မှ မြို့ဦးကင်းတံတား တည်ဆောက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးမှ မြို့ဦးတံတားနှင့် ချိတ်ဆက်မည့် မဂ္ဂတစ်လမ်း ကျုံးကူးတံတား တည်ဆောက်နေမှု အခြေအနေ၊ အရှေ့ဘက် မြို့ရှောင်လမ်း ဖောက်လုပ်နေမှု အခြေအနေနှင့် မြေယာလျော်ကြေး ပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား …

Read More »