ပဲခူး ဒီဇင်ဘာ ၁၃ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒီဇင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ပိုမိုထုတ်လုပ် တင်ပို့ရန် Action Plan ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စုစုပေါင်း၏(၉၀)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲနိုင်ရေးတွက် လူတန်းစားမရွေး သုံးစွဲနိုင်သည့် တန်ဖိုးနည်း လယ်ယာသုံးစက်ကိရိယာများ တီထွင်ကြံဆထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးမြှင့် တင်ပေးသွားရမှာဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website