Home / 2023 / November

Monthly Archives: November 2023

အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး နိုဝင်ဘာ ၃၀ ==================           ပဲခူးမြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ကြီး တို့ကအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) နဖူးစည်းဆိုင်းဘုတ်အား Touching magic Ball ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက စက်မှုအင်ဂျင်နီယာ အလုပ်ရုံနှင့် မြို့ပြအင်ဂျင်နီယာအလုပ်ရုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး လျှပ်စစ်ဆိုင်ရာလက်တွေ့ခန်းများ၊ ရူပဗေဒဆိုင်ရာလက်တွေ့ခန်းများ၊ ဓါတုဗေဒဆိုင်ရာလက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများအား လှည့်လည် ကြည်ရှုခဲ့ကြသည်။           …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၉ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်လေး ကျေးရွာ၊ ကျိုက်ပဒိုင်ရေကြီးရေကွင်းအတွင်း လယ်မြေဧရိယာ(၆၆၀၀)ဧက၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူလယ်သမားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးချနိုင်ရေးနှင့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက် အသိပညာပေးခြင်းများ ပြောကြားခဲ့ကြရာ ဒေသခံ ပြည်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး နိုဝင်ဘာ ၂၉ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး တွင် တိုင်းဒေသကြီးအဆင့် အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းများကို ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီများက ပူးပေါင်းဆောင်ရွက်ခဲ့သလို အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (၂၄)နာရီ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေး ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ အထူးစည်ကားလျက်ရှိ

ပဲခူး နိုဝင်ဘာ ၂၇ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား နိုဝင်ဘာလ(၂၇)ရက်နေ့တွင် (ဒုတိယနေ့အဖြစ်) ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရားယာဉ်ရပ်နားဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ လူဦးရေ(၁)သောင်းအား ဘဲဥကြော်ချက်၊ ဘာလချောင်ကြော်၊ သီးစုံ ပဲကုလားဟင်းတို့ဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ သည်။ ဆက်လက်၍ ညပိုင်းအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တို့သည် တန်ဆောင်တိုင်ပွဲတော်တွင် တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် မြို့နယ်အလိုက် ထွက်ရှိသော စားသုံးကုန်၊ လူသုံးကုန်နှင့် …

Read More »

ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ စတင်ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၆ ============= ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၆) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ  တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အလှည့်ကျဂေါပကအဖွဲ့ဝင်တို့က (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်း(၃)ချက်တီးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတ စင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေ ရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

ပြည် နိုဝင်ဘာ ၂၂ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး ဘက်စုံကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်ကောင်း မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကောက်စိုက် လုပ်သားရှားပါးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  ဒေသခံတောင်သူများအား လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံအား Video Clip ဖြင့် ရှင်းလင်းပြောကြာခဲ့ပြီး …

Read More »

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၀ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အတိုင်း အသေးစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး နှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၁၉ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ရွှေ၏ မိုးစပါး ထိုင်းနှံကောက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ အစိုတင်း(၁၅၀)၊ အခြောက် တင်း(၁၃၆)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ သဲကျဲကြီးကျေးရွာအုပ်စုရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုန်(၃၈၀)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် ဝါးကောက်သိမ်းပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး သင့်တော်သည့်ဝါဈေးနှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စက်ရေတွင်းတူးဖော်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတလည်မြို့၊ တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ …

Read More »

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး  ဒေါ်စိုးစိုးသက်တို့  တက်ရောက်

ပြည် နိုဝင်ဘာ ၂၂ ============== ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား နိုဝင်ဘာလ(၁၉)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။              ရှေးဦးစွာ “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီးအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ပဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူးနှင့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လေးထပ်ဓမ္မာရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက်  “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီးအား ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားအား ဆက်လက်ကျင်းပပြုခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧပရိသတ်အပေါင်းတို့က “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ …

Read More »

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပြည် နိုဝင်ဘာ ၁၉ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာ အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များအရောင်းစင်တာ အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အရောင်းစင်တာအတွင်း ရောင်းချရန်ပြသထားသည့် ဒေသထွက်ကုန်များအား လည်လှည့် ကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ အား အမယ်စုံရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ လက်ကားကုန်သည်များအား …

Read More »