ပဲခူး ဒီဇင်ဘာ ၁၄ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက သမဝါယမအသင်းများ စပါးစိုက်ပျိုးမှုထုတ်လုပ်မှု အထွက်နှုန်းတိုးတက်မြင့်မာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ် လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းပေါင်း(၃၅) သင်း၊ အသင်းသားဦးရေ(၃၀၉၅)ဦးအား လယ်မြေဧရိယာ(၁၆၀၀၀)ဧကအတွက် ငွေကျပ်(၃.၂)ဘီလီယံ တန်ဖိုးရှိ သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်သည့် သမဝါယမအသင်းများအနေဖြင့် တစ်နှစ်(၂)သီးမှ (၃)သီးသို့ သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုး နိုင်မှာသာ အကျိုးအမြတ်များစွာ ရရှိနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရန် လိုအပ်မှာဖြစ်ကြောင်း၊ မိမိတို့၏ လယ်မြေများအား မြေဆီလွှာများအာဟာရ ပြန်လည်ဖွံ့ဖြိုးစေရေး …
Read More »
					
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website