Home / 2023 / December / 28

Daily Archives: December 28, 2023

(၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲ ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၂၈ ============ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ပရိယတ္တိသဒ္ဓမ္မ ရက္ခိတ(ပဲခူး) အသင်းကြီးမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရ စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာလ(၂၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ရှေးဦးစွာ ကြီးကြပ်ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များနှင့်သီလရှင်များ စာဖြေနေမှုအား လိုက်လံကြည့်ရှု့ ကြည်ညိုခဲ့ကြသည်။ အဆိုပါ (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲကြီးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝင်ရောက်ဖြေဆိုရန်အတွက် သံဃာတော်နှင့် သီလရှင်(၁၆၄၀)ပါး စာရင်းသွင်းထားရှိပြီး ဗုဒ္ဓအသံ ဓမ္မဗိမာန် (အပေါ်ထပ်/အောက်ထပ်)နှင့် ရွှေမော်ဓော်စေတီတော်ရင်ပြင်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဝိနည်းမဟာဝါ၊ အင်္ဂုတ္ထိုရ်၊ ဓမ္မပဒဘာသာရပ်တို့အား ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ …

Read More »