Home / 2024 / December

Monthly Archives: December 2024

ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day)အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁        ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day)အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခု အိပ်ချ်အိုင်ဗွီပိုးကာကွယ်ရေး လုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အားလုံးနှင့် ကုတင်(၂၀၀) အထက်ဆေးရုံကြီး(၃)ရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေး လုပ်ငန်း၏ အဓိကဖြစ်သည့် အေအာတီဆေးပေးဝေမှုကို ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်တွင် လူနာပေါင်း(၁၂၈၇၆)ဦးအား အေအာတီဆေးပေးခန်းပေါင်း (၂၆)ခုဖြင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဆေးရုံကြီးများ၊ ခုခံကျ/ကာလသားဘရောဂါတိုက်ဖျက်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများတွင် ကုသပေးလျက်ရှိကြောင်း၊ လူထုအတွင်း အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့်ပတ်သက်၍ ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ လျော့ကျစေရန် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ပိုးရှိရှင်သန်သူများကို လည်းကောင်း၊ အလုပ်ရုံ၊စက်ရုံများကိုလည်းကောင်း ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ် …

Read More »

“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ

ပဲခူး နိုဝင်ဘာ ၃၀            “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားအား နိုဝင်ဘာလ(၃၀) ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခု အကောင်အထည် ဖော်ပြီးစီးခဲ့သည့် စီမံကိန်းသည် မဲခေါင်- လန်ချန်းဒေသတွင်း(၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထူးရန်ပုံငွေစီမံကိန်းပင်ဖြစ်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံက အဓိကပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရွာသစ် ကျေးရွာအား အခြေခံအဆောက်အုံဖွံ့ဖြိုးရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးကဏ္ဍ၊ စွမ်းဆောင် ရည်များ မြင့်မားတိုးတက်ရေးနှင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချ ခြင်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကဏ္ဍ၊ အတွေ့အကြုံဖလှယ်ခြင်းကဏ္ဍ အစ ရှိသည့် ကျေးရွာ(၁)ရွာ ဖွံ့ဖြိုးတိုးတက်စေဖို့ …

Read More »