ဝေါ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးတက် မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးကျော်ကျော် ၏ ဒေသနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားများအား မေထုံမဲ့သားစပ်ခြင်းများ ဆောင်ရွက်ပေးရန်၊ တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်စိုက်ပျိုးရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ထုတ်လုပ်ရန်နှင့် ဒေသဝက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင် စွာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးမင်းမင်းသူ၏ အသားစားကြက်ကောင်ရေ(၆၀၀၀) မွေးမြူ ရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကြက်သားပေါက်ဈေးနှုန်းမြင့်တက်မှုအား ထိန်းချုပ်နိုင်ရေး …
Read More »