ပဲခူး ဒီဇင်ဘာ ၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်း က ဒေသတွင်းအသား/ဥဖူလုံပိုလျှံစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရောင်းချနိုင်ရေး မွေးမြူရေးခြံ များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၌ CP Livestock Co.,Ltd နှင့် အကျိုးတူမွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဒေါ်ရန်ဖူးရန် ၏ အသားတိုးဝက်ကောင်ရေ(၄၈၀၀)နှင့် ဥစားကြက်ကောင်ရေ(၁၀၀၀၀၀) မွေးမြူထားရှိမှု အား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အသားတိုးဝက်များအား အစားအစာဘေးကင်းလုံခြုံရေးအပြင် တိရစ္ဆာန်မွေးမြူရေးအတွက် ဇီဝလုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး အသားတိုးဝက်မွေးမြူရေးခြံနှင့် ဥစားကြက် မွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ထုံးကြီးကျေးရွာအုပ်စုရှိ မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လယ်မြေများ မြေဆီဩဇာကြွယ်ဝစေရေးနှင့် …
Read More »