ပဲခူး ဒီဇင်ဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံ မှ မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာသီအလိုက်ပွဲတော်များ၊ အထင်ကရ ဘာသာရေးပွဲတော်များ၊ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ ခရီးစဉ်ဒေသလိုက် လာရောက် လည်ပတ်ရန်နေရာ၊ တည်းခိုရန်နေရာ၊ စားသောက်ရန်နေရာများရှိပြီး ခရီးစဉ်အသစ်များ ထပ်မံဖော်ထုတ် ရန်လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရေး မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာနိုင်ရေး၊ ပန်းခြံများနှင့် Public Toilet များ အစဉ်အမြဲသန့်ရှင်းစေရေး ဆောင်ရွက်ထား ရမှာဖြစ်ပြီး တည်းခိုရန် ဟိုတယ်/မိုတယ်များတွင် အစားအစာ သန့်ရှင်းကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှုကောင်းမွန်ပြည့်စုံစေရေး ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်မှာ …
Read More »