ပဲခူး ဒီဇင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား၌ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင် များမှ သံဃာအပါး(၁၃၀)နှင့် သီလရှင်အပါး(၁၅၀)တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးစီစဉ်ကျင်းပပြုလုပ်သည့် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ (၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် နတ်တော် လဆန်း(၉)ရက်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ …
Read More »