Home / 2024 / December / 24

Daily Archives: December 24, 2024

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်းအရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်

တောင်ငူ ဒီဇင်ဘာ ၂၄           တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက “အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်း”ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူ ထောင်လုပ်ကိုင်မည့် သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ မြို့ပြနှင့်ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အခမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားရရှိလာစေ ရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်စေရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြု သင်တန်းများကို ကျေးရွာများအဆင့်ထိ သင်ကြားပေးလျက်ရှိကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်တတိယ‌မြောက် အရောင်းစင်တာအား တောင်ငူမြို့၌ ဖွင့်လှစ်

တောင်ငူ ဒီဇင်ဘာ ၂၃         တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူးတိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်ပွဲအား ဒီဇင်ဘာလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။            ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည်  အရောင်းစင်တာအတွင်း ခင်းကျင်း ပြသထားသည့် စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။ ပဲခူးတိုင်းဒေကြီး အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်နေရာတည်း တစ်စုတစ်စည်းတည်းဖြင့် မူရင်း စျေးအတိုင်းဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကာ ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အရောင်းစင်တာသို့ စျေးဝယ်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို …

Read More »

ကဝမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ကဝ ဒီဇင်ဘာ ၂၄           ကဝမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေး ကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-

Read More »