Home / 2024 / December (page 5)

Monthly Archives: December 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသတွင်းအသား/ဥဖူလုံပိုလျှံစေရေးနှင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဒီဇင်ဘာ ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်း က ဒေသတွင်းအသား/ဥဖူလုံပိုလျှံစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရောင်းချနိုင်ရေး မွေးမြူရေးခြံ များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၌ CP Livestock Co.,Ltd နှင့် အကျိုးတူမွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဒေါ်ရန်ဖူးရန် ၏ အသားတိုးဝက်ကောင်ရေ(၄၈၀၀)နှင့် ဥစားကြက်ကောင်ရေ(၁၀၀၀၀၀) မွေးမြူထားရှိမှု အား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အသားတိုးဝက်များအား အစားအစာဘေးကင်းလုံခြုံရေးအပြင် တိရစ္ဆာန်မွေးမြူရေးအတွက် ဇီဝလုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး အသားတိုးဝက်မွေးမြူရေးခြံနှင့် ဥစားကြက် မွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ထုံးကြီးကျေးရွာအုပ်စုရှိ မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လယ်မြေများ မြေဆီဩဇာကြွယ်ဝစေရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် များ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးတက် မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးကျော်ကျော် ၏ ဒေသနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားများအား မေထုံမဲ့သားစပ်ခြင်းများ ဆောင်ရွက်ပေးရန်၊ တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်စိုက်ပျိုးရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ထုတ်လုပ်ရန်နှင့် ဒေသဝက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင် စွာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးမင်းမင်းသူ၏ အသားစားကြက်ကောင်ရေ(၆၀၀၀) မွေးမြူ ရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကြက်သားပေါက်ဈေးနှုန်းမြင့်တက်မှုအား ထိန်းချုပ်နိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများမှ အခွန် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့်လုပ်ငန်းများမှ အခွန်တိုးတက်ကောက်ခံရရှိ ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခွန်ကောက်ခံရရှိမှုသည် တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပုံဖော်နိုင်သည့်ကဏ္ဍတစ်ရပ်ဖြစ်၍ ရသင့်ရထိုက် သည့် အခွန်များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ရေးနှင့် ညီညွှတ်မျှတသော အခွန်အခများရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ခရိုင်/မြို့နယ်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့များက အခွန်ကောက်ခံရရှိမှုများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် အခွန်ပုန်း၊ အခွန်ရှောင်များကို ထိထိရောက်ရောက် ဖော်ထုတ်ကောက်ခံသွားရမှာဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရန် အခွန်အမျိုးအစား(၅)မျိုးအပေါ် မူလလျာထားချက် အပေါ် (၈၁)ရာခိုင်နှုန်း ကောက်ခံရရှိထားပြီးဖြစ်၍ ကျန်ရှိသည့်လများတွင် လျာထားချက်ပြည့်မီ …

Read More »

ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ် ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက် အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး နိုဝင်ဘာ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ်ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက် အရောင်းဆိုင်များဖွင့်လှစ်ရောင်းချနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချနေ မှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချနိုင်ရေး၊ စည်းကမ်းတကျ ကုန်ပစ္စည်းများတင်ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိကအခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ …

Read More »

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အပြည့်အစုံဖတ်ရှုရန် Please Click Here

Read More »

ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day)အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁        ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day)အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခု အိပ်ချ်အိုင်ဗွီပိုးကာကွယ်ရေး လုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အားလုံးနှင့် ကုတင်(၂၀၀) အထက်ဆေးရုံကြီး(၃)ရုံတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေး လုပ်ငန်း၏ အဓိကဖြစ်သည့် အေအာတီဆေးပေးဝေမှုကို ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်တွင် လူနာပေါင်း(၁၂၈၇၆)ဦးအား အေအာတီဆေးပေးခန်းပေါင်း (၂၆)ခုဖြင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဆေးရုံကြီးများ၊ ခုခံကျ/ကာလသားဘရောဂါတိုက်ဖျက်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများတွင် ကုသပေးလျက်ရှိကြောင်း၊ လူထုအတွင်း အိပ်ချ်အိုင်ဗွီရောဂါပိုးနှင့်ပတ်သက်၍ ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ လျော့ကျစေရန် ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ပိုးရှိရှင်သန်သူများကို လည်းကောင်း၊ အလုပ်ရုံ၊စက်ရုံများကိုလည်းကောင်း ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများပြုလုပ် …

Read More »

“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ

ပဲခူး နိုဝင်ဘာ ၃၀            “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားအား နိုဝင်ဘာလ(၃၀) ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခု အကောင်အထည် ဖော်ပြီးစီးခဲ့သည့် စီမံကိန်းသည် မဲခေါင်- လန်ချန်းဒေသတွင်း(၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထူးရန်ပုံငွေစီမံကိန်းပင်ဖြစ်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံက အဓိကပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရွာသစ် ကျေးရွာအား အခြေခံအဆောက်အုံဖွံ့ဖြိုးရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးကဏ္ဍ၊ စွမ်းဆောင် ရည်များ မြင့်မားတိုးတက်ရေးနှင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချ ခြင်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကဏ္ဍ၊ အတွေ့အကြုံဖလှယ်ခြင်းကဏ္ဍ အစ ရှိသည့် ကျေးရွာ(၁)ရွာ ဖွံ့ဖြိုးတိုးတက်စေဖို့ …

Read More »