Home / 2025 / July

Monthly Archives: July 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသအလိုက် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

တောင်ငူ ဇူလိုင် ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ဒေသအလိုက်စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည်  တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ဂွေးတောက်ခင်ကျေးရွာရှိ 24 Hours Co., Ltd ရိုဘက်စတာကော်ဖီ စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ ရှင်းလင်းဆောင်၌ နှစ်ရှည်သီဟိုစိုက်ခင်း ဧရိယာအတွင်း ရိုဘက်စတာကော်ဖီ ဧက(၃၀၀) စိုက်ပျိုးစီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရိုဘက်စတာကော်ဖီသည် ပြည်ပ စျေးကွက်ရရှိထားပြီးဖြစ်၍ သတ်မှတ်ဧကပြည့်မီစွာစိုက်ပျိုးသွားရန် လမ်းညွှန်ပြောကြားခဲ့ပြီး ဆက်လက် စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိသည့် ကော်ဖီပျိုးပင်များနှင့် စိုက်ပျိုးပြီး ကော်ဖီပင်များအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။           ထို့နောက် …

Read More »

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပထမ အကြိမ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၁           ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ကျောင်းသား /ကျောင်းသူများက “ပညာ ဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၂၁           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်

ပဲခူး ဇူလိုင် ၁၈           တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံ များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမိုလက်တွေ့ကျသည့် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးကို ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအတွက် စပါးစိုက်ပျိုးမှု ကုန်ကျစရိတ်လျှော့ချနိုင်စေရန် အတွက် Drum Seeder များဖြင့် စိုက်ပျိုးခြင်းအားဖြင့် လူတစ်ဦးလျှင် တစ်ရက်(၄) ဧကကျော် (၅)ဧကခန့် ပြီးစီးနိုင်သည့်အပြင် ပုံမှန်စိုက်ပျိုးခြင်းထက် (၁၀)ရက်/(၁၅)ရက် စောရိတ်သိမ်းနိုင်မည်ဖြစ်ကာ ပျိုးထောင် စရိတ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းစတင် ခြင်း အခမ်းအနားသို့ တက်ရောက်

ပဲခူး ဇူလိုင် ၁၇           မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာတားဆီး ထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ကုန်ပစ္စည်းစတင်စစ်ဆေးခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေး စခန်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရဖွဲ့ဝင် ဝန်ကြီး များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တရားမဝင်ကုန်သွယ်မှုများ သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုဖြစ် ပေါ်စေပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာများအား စဉ်ဆက်မပြတ်တွန်းအားပေး ကြပ်မတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းနေရာသည် Choke Point နေရာအဖြစ် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆              ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင်ဝတ်ရုံလွှာများနှင့် လှူဖွယ်ဝတ္တုများ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက၊ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ် တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီ စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုးစပါး အား ဇူလိုင်လကုန်မတိုင်မီ ထွန်တုံးပိတ်နိုင်ရေး ကြိုးစားဆောင်ရွက်မှသာ လာမည့် ဆောင်းသီးနှံနှင့် နွေ စပါး စိုက်ပျိုးရာသီစက်ဝန်း မှန်ကန်နိုင်မှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ Drum Seeder ဖူလုံမှုရှိစေရေး စိုက်ဧကအပေါ်မူတည်၍ အမှန်တကယ် လိုအပ်သည့်ပမာဏ  မျိုးစေ့ချကိရိယာ Drum Seeder များ အချိန်တိုအတွင်း ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီအတွင်း စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို တွန်းအားပေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် အနည်းငယ်သာကျန်ရှိသည့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်

ပဲခူး ဇူလိုင် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ရွှေလင်း ခန်းမ ဘက်စုံပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်တလင်းမြို့၊ ဝန်ထမ်းအိမ်ရာ သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်မှုရှိစေရေး၊ Landscaping မြေယာအလှ ရှုခင်းများဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ရာသန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက် ရန်၊ အရိပ်ရပြီး စား၍ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် နိုင်ငံ့ဝန်ထမ်းများ စည်းစည်းလုံးလုံး တစ်စုတစ်စည်းတည်း နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ယင်းနောက် …

Read More »

ပြည်မြို့၌ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပြည် ဇူလိုင် ၁၄           ပြည်မြို့၊ ကမ်းနားလမ်းဘေး၊ ဧရာဝတီမြစ် သဘာဝမြစ်ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး၊ ဌာနဆိုင်ရာများက ဧရာဝတီမြစ်အတွင်း သဘာဝရေချိုငါးမျိုး ပြုန်းတီးမှုမရှိစေရေးအတွက် ၂ လက်မ အရွယ် ငါးကြင်းရွှေဝါ ကောင်ရေ(၇၅၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ(၇၅၀၀၀)တို့အား ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ပြည်မြို့၌ ဖွင့်လှစ်ထားသည့် ဒေသထွက်ကုန်အရောင်းစင်တာအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း MSMEs အမယ်သစ် များ ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်းနှင့်အတူ သက်ဆိုင်ရာကုန်ပစ္စည်းများ အလိုက် ထောက်ခံချက်ရှိနိုင်ရေးနှင့် ကူညီဆောင်ရွက်ပေးရန် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပန်းတောင်း ဇူလိုင် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သရက်လိန် ကျေးရွာအုပ်စုရှိ တောင်သူ ဦးရဲဇော်၏ ပေါင်ကြီးတင်စနစ်ဖြင့် မိုးနှမ်း(၁၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံနှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တို်ငးဒေသကြီး အတွင်း ပန်းတိုင်အထွက်နှုန်း ထပ်မံရရှိနိုင်သည့် မိုးနှမ်းစိုက်ဧက အားလုံးပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုး ခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် နှမ်းမျိုးကောင်းမျိုးသန့်များနှင့် ပေါင်ကြီးတင်စနစ် ပြောင်းလဲစိုက်ပျိုး ခြင်း၏  အကျိုးကျေးဇူးကို ယခုအခါသိမြင်နေရပြီဖြစ်၍ တောင်သူများအနေဖြင့် ဆီထွက်သီးနှံနေကြာအား မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်သို့ မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် နှမ်းစိုက်တောင်သူများထံသို့ အထွက်နှုန်းကောင်း နှမ်းမျိုးကောင်းမျိုးသန့်များ လွှမ်းခြုံရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ …

Read More »