Home / 2025 / July / 01

Daily Archives: July 1, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းဆည်းခြင်းပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြေသိမ်းဆည်းခြင်းအမှုတွဲများ စိစစ်ရာတွင်  မှန်မှန် ကန်ကန်နှင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရန်နှင့် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကာ အမှုတွဲများ အမြန်ဆုံးပြီးပြတ် ပိတ်သိမ်းနိုင်မှာဖြစ်ကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ မူလပိုင်ရှင်များထံ အမြန်ဆုံးလက်ဝယ်ရောက်ရှိစေရေး လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားရာတွင် (၁၈-၉-၁၉၈၈)ရက်နေ့ နောက်ပိုင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဇွန်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်း၊ ဓါတ်မြေဩဇာထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာထုတ်လုပ်ခြင်းလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့လာခြင်းသည် တိုင်းဒေသကြီး အတွင်း လုပ်သားအင်အား ပေါကြွယ်ဝမှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းဝေးခြင်းနှင့် ရင်းနှီးမြှုပ်နှံ ရန် အခွင့်အလမ်းကောင်းများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ရှိပြီးသော စက်ရုံ အလုပ်ရုံများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံလာနိုင်စေရေး မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား …

Read More »