Home / 2025 / July / 04

Daily Archives: July 4, 2025

ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၄           ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ဘတ်စကက်ဘော (အမျိုးသား) သင်္ချာအသင်းနှင့် သတ္တဗေဒအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ၊ ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က အမျိုးသား/အမျိုးသမီး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စုပေါင်းစိုက်ပျိုးသည့် သစ်ပင်တို့သည် မျက်မှောက်ကာလမှာ အပင်ငယ်များသာဖြစ်နေသော်လည်း အနာဂတ်တွင် သဘာဝတောအုပ်တစ်ခုအဖြစ် မြင်တွေ့လာရမှာဖြစ်ကြောင်း၊ သစ်ပင်များသည် လူသားတို့အတွက် အောက်စီဂျင်အရင်းအမြစ်ဖြစ်သလို မြေဆီလွှာထိန်းသိန်းခြင်းနှင့် ရေကြီးရေလျှံမှုများကို ကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ မိုးရာသီ ဆိုတာ သစ်ပင်များစိုက်ပျိုးရန် သဘာဝကပေးထားသည့် အကောင်းအချိန်ဖြစ်ပြီး သစ်ပင်များ ရှင်သန် ကြီးထွားစေနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ကျိုက်ပွန်ဘုရားအဝင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုးပေးခဲ့သည့် ခရေပင်များ စိမ်းလန်းဝေဆာလျက်ရှိ နေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ကြောင်း၊ ကမ္ဘာမှာ …

Read More »