ပဲခူး ဇူလိုင် ၅ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပခြင်းအားဖြင့် ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမား များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ ပိုက်ကျော်ခြင်းအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေး၊ မြို့နယ်ကိုယ်စားပြု အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓါတ်နှင့် ထူးချွန်ထက်မြက် သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာရေးတို့အတွက် ကျင်းပပေးရ ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၂)ယောက်တွဲအဖွဲ့ လိုက်ပြိုင်ပွဲတွင် …
Read More »