Home / 2025 / July / 06

Daily Archives: July 6, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး

ပဲခူး ဇူလိုင် ၆           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီး အတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ယမန်နေ့၊နံနက်ပိုင်းက ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေမှုတို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ၊ပဲခူးဆေးရုံအုပ်ကြီးတို့နှင့်အတူ ‌ခွဲစိတ်ကုသမှုပြုလုပ်ပြီးသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများနှင့် ခွဲစိတ်ကုသမည့်လူနာများအား လိုက်လံကြည့်ရှု့ အားပေးစကားပြောကြားပြီး အဝတ် အထည်များ၊ မုန့်၊ ပဲနို့၊ ကစားစရာအရုပ်များပေးအပ်ခဲ့သည့်အပြင် ခွဲစိတ်ကုသပေးသည့် ဆရာဝန်ကြီးနှင့် ပဲခူးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။           အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ …

Read More »