Home / 2025 / July / 07

Daily Archives: July 7, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှစံပြကျေးရွာရှိ မိုးစပါးအကွက်ကျယ်စံပြကွက်အတွင်း စုပေါင်းမြေဩဇာကြဲပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးပြီးပါက မြေဆီဩဇာပြန်လည်တိုးတက် စေရေး ပဲတစ်မျိုးမျိုး ပြန်လည်စိုက်ပျိုးသွားရန်၊ တူးဖော်ပေးထားသည့် ရေပေးမြောင်းများ ရေရှည်အသုံးပြု နိုင်စေရေး ဒေသခံတောင်သူများက ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ရေမြေသဘာဝနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသည့် မျိုးကောင်းမျိုးသန့်များ အလုံအလောက်ရရှိရေး ဆောင်ရွက် ပေးရန်၊ ရေကြီးရေနက်ကွင်းများအတွက် ကြိုတင်ပျိုးထောင်ထားရန်၊ သက်ဆိုင်ရာမြို့နယ်အလိုက် ရေကြီး ရေနက်ကွင်းများရှိ လယ်မြေများအား မိုးကောင်းသောက်လယ်မြေအဖြစ် ရောက်ရှိစေရေး ပြန်လည် တူးဖော်ပေးရမည့် ရေထုတ်မြောင်းများ တွက်ချက်တင်ပြပေးရန်၊ သဘာဝမြေဩဇာသုံးစွဲမှုတိုးတက်စေရေး တာဝန်ရှိသူများနှင့် …

Read More »