ပဲခူး ဇူလိုင် ၈ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် အသင်းသားများ၊ နည်းပြများနှင့် ဒိုင်လူကြီးများက တစ်ဦးချင်းမိတ်ဆက် ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များက ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ (၃)ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲအဖြစ် ပဲခူး မြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်း၊ (၂)ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ် အသင်းနှင့် တောင်ငူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား …
Read More »