Home / 2025 / July / 13

Daily Archives: July 13, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပန်းတောင်း ဇူလိုင် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သရက်လိန် ကျေးရွာအုပ်စုရှိ တောင်သူ ဦးရဲဇော်၏ ပေါင်ကြီးတင်စနစ်ဖြင့် မိုးနှမ်း(၁၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံနှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တို်ငးဒေသကြီး အတွင်း ပန်းတိုင်အထွက်နှုန်း ထပ်မံရရှိနိုင်သည့် မိုးနှမ်းစိုက်ဧက အားလုံးပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုး ခြင်း၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် နှမ်းမျိုးကောင်းမျိုးသန့်များနှင့် ပေါင်ကြီးတင်စနစ် ပြောင်းလဲစိုက်ပျိုး ခြင်း၏  အကျိုးကျေးဇူးကို ယခုအခါသိမြင်နေရပြီဖြစ်၍ တောင်သူများအနေဖြင့် ဆီထွက်သီးနှံနေကြာအား မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်သို့ မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် နှမ်းစိုက်တောင်သူများထံသို့ အထွက်နှုန်းကောင်း နှမ်းမျိုးကောင်းမျိုးသန့်များ လွှမ်းခြုံရရှိနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ဇူလိုင် ၁၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကြို့ပင်စခန်းကျေးရွာ၌ ဒေါ်လွင်မာစိုးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဥစားဘဲကောင်ရေ(၇၀၀၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးအထွက်နှုန်းကို အဓိကထိခိုက် စေသည့် ရွှေခရုအားနှိမ်နင်းရာတွင် ဘဲမွေးမြူ၍ စပါးခင်းထဲ လွတ်ကျောင်းစနစ်သည် အကောင်းဆုံးဖြစ် ကာ တိရိစ္ဆာန်အစာဖိုးသက်သာခြင်းနှင့်အတူ မိုးစပါးအထွက်နှုန်း မထိခိုက်ခြင်း၊ သဘာဝအစာဖြင့် ရရှိ လာသည့် ဘဲဥအား ဒေသတွင်း စျေးနှုန်းသက်သာစွာ ရောင်းချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် မိုးစပါးစိုက်တောင်သူတိုင်း ကွင်းအလိုက် အစုအဖွဲ့စနစ်ဖြင့် ဥစားဘဲ၊ အသားစားဘဲ …

Read More »