Home / 2025 / July / 14

Daily Archives: July 14, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်

ပဲခူး ဇူလိုင် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ရွှေလင်း ခန်းမ ဘက်စုံပြန်လည်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်တလင်းမြို့၊ ဝန်ထမ်းအိမ်ရာ သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်မှုရှိစေရေး၊ Landscaping မြေယာအလှ ရှုခင်းများဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ရာသန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက် ရန်၊ အရိပ်ရပြီး စား၍ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် နိုင်ငံ့ဝန်ထမ်းများ စည်းစည်းလုံးလုံး တစ်စုတစ်စည်းတည်း နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ယင်းနောက် …

Read More »

ပြည်မြို့၌ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပြည် ဇူလိုင် ၁၄           ပြည်မြို့၊ ကမ်းနားလမ်းဘေး၊ ဧရာဝတီမြစ် သဘာဝမြစ်ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး၊ ဌာနဆိုင်ရာများက ဧရာဝတီမြစ်အတွင်း သဘာဝရေချိုငါးမျိုး ပြုန်းတီးမှုမရှိစေရေးအတွက် ၂ လက်မ အရွယ် ငါးကြင်းရွှေဝါ ကောင်ရေ(၇၅၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ(၇၅၀၀၀)တို့အား ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ပြည်မြို့၌ ဖွင့်လှစ်ထားသည့် ဒေသထွက်ကုန်အရောင်းစင်တာအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း MSMEs အမယ်သစ် များ ဖော်ထုတ်ပေးခြင်း၊ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်းနှင့်အတူ သက်ဆိုင်ရာကုန်ပစ္စည်းများ အလိုက် ထောက်ခံချက်ရှိနိုင်ရေးနှင့် ကူညီဆောင်ရွက်ပေးရန် …

Read More »