ပဲခူး ဇူလိုင် ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီ စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုးစပါး အား ဇူလိုင်လကုန်မတိုင်မီ ထွန်တုံးပိတ်နိုင်ရေး ကြိုးစားဆောင်ရွက်မှသာ လာမည့် ဆောင်းသီးနှံနှင့် နွေ စပါး စိုက်ပျိုးရာသီစက်ဝန်း မှန်ကန်နိုင်မှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ Drum Seeder ဖူလုံမှုရှိစေရေး စိုက်ဧကအပေါ်မူတည်၍ အမှန်တကယ် လိုအပ်သည့်ပမာဏ မျိုးစေ့ချကိရိယာ Drum Seeder များ အချိန်တိုအတွင်း ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီအတွင်း စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို တွန်းအားပေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် အနည်းငယ်သာကျန်ရှိသည့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website