Home / 2025 / July / 16

Daily Archives: July 16, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆              ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင်ဝတ်ရုံလွှာများနှင့် လှူဖွယ်ဝတ္တုများ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက၊ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ် တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ …

Read More »