ပဲခူး ဇူလိုင် ၁၈ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံ များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမိုလက်တွေ့ကျသည့် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးကို ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအတွက် စပါးစိုက်ပျိုးမှု ကုန်ကျစရိတ်လျှော့ချနိုင်စေရန် အတွက် Drum Seeder များဖြင့် စိုက်ပျိုးခြင်းအားဖြင့် လူတစ်ဦးလျှင် တစ်ရက်(၄) ဧကကျော် (၅)ဧကခန့် ပြီးစီးနိုင်သည့်အပြင် ပုံမှန်စိုက်ပျိုးခြင်းထက် (၁၀)ရက်/(၁၅)ရက် စောရိတ်သိမ်းနိုင်မည်ဖြစ်ကာ ပျိုးထောင် စရိတ်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website