တောင်ငူ ဇူလိုင် ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ဒေသအလိုက်စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ဂွေးတောက်ခင်ကျေးရွာရှိ 24 Hours Co., Ltd ရိုဘက်စတာကော်ဖီ စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ ရှင်းလင်းဆောင်၌ နှစ်ရှည်သီဟိုစိုက်ခင်း ဧရိယာအတွင်း ရိုဘက်စတာကော်ဖီ ဧက(၃၀၀) စိုက်ပျိုးစီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရိုဘက်စတာကော်ဖီသည် ပြည်ပ စျေးကွက်ရရှိထားပြီးဖြစ်၍ သတ်မှတ်ဧကပြည့်မီစွာစိုက်ပျိုးသွားရန် လမ်းညွှန်ပြောကြားခဲ့ပြီး ဆက်လက် စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိသည့် ကော်ဖီပျိုးပင်များနှင့် စိုက်ပျိုးပြီး ကော်ဖီပင်များအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် …
Read More »